ကြင်နာသူနှင့်...ထိုနေ့ရက်များ
ရက်ပေါင်းများစွာဖြတ်ကျော်မိကြတယ်...
ဒီလိုပါပဲ...ငယ်ထွေးက ဆိုးတလှည့် ဂျီတလှည့် အနိုင်ကျင့်တလှည့်ပေါ့။ဘဂျမ်း စိုးရိမ်တာကိုသိတော့....ဆေးရုံမှာဆိုရင် ငယ်ထွေးလေးတကယ်တည်ငြိမ်ပါတယ်။ အရင်ကတည်းက အလုပ်ကို စေတနာ ဝါသနာပါပြီးလုပ်တတ်တဲ့သူဆိုတော့ အထွေအထူးပြောစရာမလိုပါဘူး။
အလုပ်ကလဲ တခြားအာရုံများလို့မရတဲ့ အလုပ်ဖြစ်နေတော့... ငယ်ထွေးက အာရုံစိုက်ပြီး အလုပ်ကိုလုပ်ပါတယ်။
ဘဂျမ်းက....ဆိုင်ကယ်ကို သိပ်မမောင်းတော့ဘူး။
ဒါပေမဲ့...ရောင်းလဲမပစ်ဘူး...ငယ်ထွေးခွဲခန်းဝင်ရတဲနေ့မျိုးဆို ခိုးမောင်းတယ်။
ပိုက်ဆံရှာရမယ်လေ...အရင်ကထက်နှစ်ဆပိုရှာရမှာ မဟုတ်ဘူးလား။
ငယ်ထွေးက သူ့အလုပ်ပဲလုပ်ဆိုပေမဲ့ မဖြစ်သေးဘူးလေ။
ဘဂျမ်းမှာ မှီခိုသူတွေရှိတယ်။
ပြီးတော့...ငယ်ထွေးပေးတဲ့ပိုက်ဆံကို မယူချင်တော့ဘူး။
အရင်က ယူတယ်ဆိုတာ တစ်မျိုးလေ။
ခုနောက်ပိုင်း ငယ်ထွေးပိုက်ဆံကို ယူရတာ စိတ်ကလုံကိုမလုံဘူး။ လကုန်တိုင်း လက်ထဲရောက်လာတဲ့စာအိတ်လေးထဲမှာ အမြဲ ပိုက်ဆံတွေပိုထည့်ထားပေးတယ်။
ဘယ်သူ့လက်ချက်ဖြစ်ရမလဲ...မောင့်ငယ်ထွေးပဲပေါ့။
ပြန်ပေးရင် ကောက်တော်မူတယ်...
အတင်းပြန်ပေးရင် ငိုတော်မူတယ်...
ဒီထက်ပိုနည်းနည်းတင်းပြီး မျက်နှာပျက်ပျက်နဲ့ပြန်ပေးရင်...အော်တော်မူတယ်။အမျိုးမျိုးနဲ့အဖုံဖုံ မရိုးနိုင်တဲ့နေ့ရက်တွေ ဖြတ်သန်းရင်းနဲ့ပဲ....တစ်နေ့မှာ...
"မောင်ရေ....ဒီညတော့ ငယ်ထွေးလာပါရစေနော်...ခေါ်ပါနော်"
တိုးဖွဖွတောင်းဆိုသံလေးကို ကြားရတော့ လူကအရည်ပျော်ကျချင်တယ်။
ဒီနေ့နဲ့ဆို....ငယ်ထွေးလေး မောင့်ဆီမလာတာ ဆယ်ရက်ရှိပြီ။ ရက်ကိုလဲ အတိအကျမှတ်ထားရသေးတယ်။
ရုတ်တရက် "မောင့်ဆီ ငယ်မလာရတာ ဘယ်နှစ်ရက်လဲ" လို့ ထမေးတတ်တယ်။ မှားဖြေရင် သူကြင်နာသလိုမကြင်နာပါဘူး လုပ်တော့တာ။ ဘဂျမ်းလဲ စာမေးပွဲဖြေရတယ်။ အကြင်နာငယ်ထွေးစစ်မေးနေတဲ့ အကြင်နာစာမေးပွဲပေါ့။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....