part(60)

8.3K 797 131
                                    

ဗီလိန်...

ဝတ်ရည်က လူကြီးတွေမသိအောင်ဖြေရှင်းရမည်ဟု ဆုံးဖြတ်ထားတာကြောင့်...အာကာနဲ့တိုင်ပင်ရမည်ဟုတွေးသည်။
အာကာက အနည်းငယ်အံ့သြသွားပေမဲ့ အပြစ်တော့မပြော။
ဝတ်ရည်ဖြစ်စေချင်တာကလဲ မှန်နေပြန်တော့..."ကိုကိုတို့တိုင်ပင်ကြသေးတာပေါ့...ဖြေးဖြေးစဥ်းစားကြမယ်"လို့ပဲပြောသည်။
စေ့စပ်ပွဲရက်ကလဲ မလိုတော့ဘူးဆိုတော့ ဝတ်ရည်နဲ့အာကာမှာ အလုပ်များလှသည်။

လင်းသန့်ကြည်က ဘဂျမ်းကိုလဲ ဒီကိစ္စဝတ်ရည်သိသွားကြောင်း အသိပေးထားပုံမပေါ်။ ဘဂျမ်းကပုံမှန်အတိုင်းသာဆက်ဆံသည်။
တစ်အိမ်ထဲအတူနေ​ကြပြီး အမြဲအတူတွဲပြီး သွားကြ ပြန်ကြလုပ်နေကြတဲ့လူတွေဆိုတော့ ဒီကိစ္စကိုကြာကြာလဲအချိန်မဆွဲထားချင်။
နောက်ဆုံးတော့..ဝတ်ရည် ဘဂျမ်းနဲ့စကားပြောဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။

အလုပ်နည်းနည်းပါးတဲ့တစ်ရက်...ဘဂျမ်းကိုခေါ်ပြီး ဝတ်ရည် အပြင်ထွက်ခဲ့သည်။ လင်းသန့် ခွဲခန်းဝင်နေတဲ့အချိန်ထွက်ခဲ့ရသည်။
ဘဂျမ်းက ပုံမှန်ဆိုပေမဲ့ လင်းသန့်ကြည်က ပုံစံပျက်နေတာကြာပြီ။
ဘဂျမ်းနဲ့ဝတ်ရည်စကားပြောနေရင် ထရမလို ထိုင်ရမလိုနဲ့ ပင်ပန်းကြီးနေသည်။
သူ့စိတ်ထဲမှာ သူ့အတွေးထဲမှာ ဘဂျမ်းနာကျင်ခံစားရမှာကိုကြောက်တာကလွဲပြီး ဘာမှမတွေးနိုင်တော့။
ဒါကို ဒီအတိုင်းထားလျှင် ကြာလေ ဒုက္ခရောက်လေဖြစ်လိမ့်မည်။
ဒါကြောင့် ကိစ္စကိုမြန်မြန်ဖြတ်ရမည်။

"ဘဂျမ်း"

"ဗျာ...မဝတ်ရည်"

"ဘဂျမ်းနဲ့ လင်းသန့်အကြောင်းကို ဝတ်ရည်သိတယ်"

"ဗျာ...ဟို...မဝတ်ရည်"

"ဒါကြောင့်လေ...ဝတ်ရည်ပြောချင်တာကလေ...လင်းသန့်အတွက်... လင်းသန့်ဘက်...ပြီးတော့ လင်းသန့်မိဘအတွက် ဘဂျမ်း ဘယ်လိုတွေးထားလဲ"

"မဝတ်ရည်...ကျွန်တော်လေ...ဘာမှမတွေးရဲဘူး...မတွေးနိုင်သေးဘူး...ကြောက်တယ်...ပြီးတော့...သူနဲ့လဲ မခွဲပါရစေနဲ့...နော်"

ဝတ်ရည်ငိုချင်လာမိသည်။
နှစ်ယောက်လုံးအတွက် ခံစားရသလို... အမေ့အတွက်လဲ ရင်နာသည်။
အခုရက်ပိုင်း အမေဖုန်းခဏ ခဏဆက်သည်။
လင်းသန့်လေး တစ်ခုခုဖြစ်နေလားတဲ့။
ဖုန်းပြောရင် လေလှိုင်းထဲကအသံကြားရုံနဲ့ သားသမီးရင်ထဲဝင်ကြည့်သလိုမြင်တတ်တာ မိဘတွေပါပဲ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now