အလုပ်တွေကြားမှာ...
ဗန်းမောက်ကိုမသွားခင် ရွာကိုခဏပြန်ရသေးတယ်။
အမေ့ကို သေချာပြောပြ ရှင်းပြရတယ်။
အမေကစိတ်မချဘူး။ သူ့နားပဲပြန်နေစေချင်တယ်။
ပြောလို့သာပြောရတာ...မဖြစ်နိုင်တာကို အမေသိတယ်။
အမေက သူစုထားတဲ့ပိုက်ဆံတွေ ထုတ်ပေးရုံပဲမဟုတ်ဘူး။ အာမခံပြီး ချေးငှားပေးလိုက်တဲ့ပိုက်ဆံတွေရှိနေသေးတာ။ ဘယ်လောက်လဲလို့ထုတ်မပြောဘူး..ဘဂျမ်းလဲ မမေးဘူး။ အမေ့ကိုအပြစ်မတင်ချင်တာကြောင့် ကိုယ်လုပ်ရမဲ့ကိစ္စကိုပဲကြိုးစားအာရုံစိုက်ပြီးလုပ်ရတော့မယ်။ငယ်ထွေးကိုသတိရတဲ့စိတ်တွေဆိုတာလဲ အမျိုးမျိုးနဲ့လူကိုဖိစီးတယ်။
မမေ့နိုင်တော့တာသိတယ်။
တစ်သက်လုံးရင်နဲ့အမျှ ထည့်သိမ်းထားရတော့မဲ့ခံစားချက်ဆိုတာသိတယ်။
သက်သာလေမလားလို့တော့မျှော်လင့်မိတယ်။
အချိန်ကြာရင် လွမ်းတာတွေသက်သာလာမလားလို့ မျှော်လင့်မိတယ်။
အချည်းနှီးပါပဲ။
တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတဲ့ သတိရခြင်းတွေ အလွမ်းတွေကြောင့် သံပတ်ပေးထားတဲ့အရုပ်လိုပဲ။
လုပ်စရာရှိတာ လုပ်နေရင်းနဲ့ပဲ နင့်သည်းနေတဲ့အလွမ်းတွေကပိုတိုးလာတယ်။
.
.
.
ဗန်းမောက်ကိုရောက်တော့...မြို့ပေါ်အထိ ကိုဝင်းအောင်ကလာကြိုတယ်။ သူဌေးနဲ့လဲမိတ်ဆက်ပေးပြီး ဘဂျမ်းအတွက်လဲ အာမခံတယ်။
သူဌေးက သဘောကောင်းပုံပါပဲ။ ငယ်လဲငယ်တယ်။
မြို့ပေါ်မှာက သူဌေးကအိမ်ငှားပြီးနေတယ်။ ရုံးခန်းလဲရှိတယ်။
လုပ်ကွက်တွေအကုန်လုံးက ရွာတွေဆီထပ်သွားမှရောက်မှာ။
လုပ်ကွက်တွေမှာ လက်ရှိကိုဝင်းအောင်ကပဲဦးစီးတယ်။ သူဌေးကအမြဲမလာဘူး။
မြို့ပေါ်ကနေပဲ လုပ်စရာရှိတာလုပ်ပေးတယ်။သူဌေးရဲ့လုပ်ကွက်တွေက များလာတော့ လူလဲတကယ်ကိုမနိုင်ဘူး။
ပင်ပန်းတယ်...အလုပ်ကပင်ပန်းတယ်။
တောထဲဖြစ်တော့ အနေအစားလဲ ဆင်းရဲတယ်။
ဘဂျမ်းရောက်လာတော့ ကိုဝင်းအောင်ကအတော်လေး ပျော်နေတာ။
ဘဂျမ်းအကြောင်းကိုလဲသိပြီး သူအုပ်ချုပ်ရတဲ့လူတွေကလဲ လူပေါင်းစုံဆိုတော့ ဘဂျမ်းကိုအားကိုးတယ်။
ဘဂျမ်းကအနေအေးပေမဲ့ ဇ မသေးဘူးလေ။

YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....