လင်းသန့်ကြည်ဒီနေ့ ဆေးရုံမှာ ဝတ်ရည်ဂျူတီကစောသည်။ ဒါကြောင့် နှစ်ယောက်သားအတူမသွားဖြစ်။ လင်းသန့်ကြည် အိပ်ယာနိုးတော့ ဝတ်ရည် ဆေးရုံကိုသွားနှင့်ပြီ။ လင်းသန့်ကြည်က နေ့လည်မှ သွားရမည်။
အိပ်ယာကို သေသေသပ်သပ်ခေါက်သည်။ မျက်နှာသစ် သွားတိုက်ကာ မီးဖိုခန်းထဲရောက်တော့ အန်တီရှိန်လဲ ကျောင်းသွားဖို့အသင့်ဖြစ်နေပြီ။
"Morning. လင်းသန့်....နေလို့ကောင်းရဲ့လား...မနေ့က မိုးမိတော့"
"ဟုတ် တီရှိန်.....ညက ဆေးသောက်အိပ်တာ...နေကောင်းပါတယ်"
"တီရှိန် သွားပြီနော်....တာ့တာ"
နှုတ်ဆက်ကာ ထွက်သွားသော အန်တီရှိန်.....
"သား...လင်းသန့်...မုန့်ဟင်းခါးဝယ်ထားတယ် စားလိုက်အုံး"
အန်တီထားက ဟင်းချက်ဖို့ပြင်ဆင်နေရင်း ပြောသည်။
"ဟုတ်"
အန်တီထားက အိမ်မှာပဲ အိမ်အလုပ်တွေ လုပ်ရင်းနေသူပါ။ အန်တီထားကို ကူဖို့ အဖော်တစ်ယောက်တော့ နေ့တိုင်းလာသည်။ မနက်စောစော ရောက်လာပြီး အန်တီထားနှင့်စျေးသွား...ပြီးရင် ကူပြီးချက် ပြုတ်ပေး...အဝတ်လျှော် မီးပူတိုက် အိမ်သန့်ရှင်းရေးလုပ်ပြီး ညနေဆိုပြန်သည်။ ညအိပ်အဖော်ရယ်လို့တော့ ခေါ်မထားကြပါ။
အောက်ထပ်မှာ ပါပါးနဲ့အန်တီထားကတစ်ခန်း....ဝတ်ရည်နဲ့ အန်တီရှိန်ကတစ်ခန်း ...ဧည့်ခန်း... မီးဖိုခန်း ရေချိုးခန်းအိပ်သာခန်းတို့ရှိသည်။
ထပ်ခိုးလေးတစ်ထပ်ရှိသေးသည်။ ထိုအထပ်တွင် အိပ်ခန်းနှစ်ခန်းရှိသည်။ တစ်ခန်းက လင်းသန့်ကြည်နေသည်။ နောက်တစ်ခန်းကဧည့်သည်ခန်း ဖြစ်သည်။
အိမ်လေးကသပ်သပ်ရပ်ရပ်နှင့်နေချင်စဖွယ်ပါ။
မိသားစုနဲ့အိမ်လေးက ကွက်တိ။ ဒါကြောင့် အိမ်အကူဆိုရင်လဲ ညအိပ်မထားဖြစ်။ မနက်သွား ညနေပြန်သာရှိသည်။အန်တီထားက သဘောလဲ ကောင်းသည်။ နူးညံ့၍ဖြူစင်သောစိတ်သဘောထားရှိသည်။ မိခင်တစ်ယောက်ဖြစ်သောကြောင့် သားသမီးအရွယ်တွေ့လျှင် သားသမီးလိုဆက်ဆံတတ်သူ။ လင်းသန့်ရဲ့ ဒုတိယအမေပါပဲ။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....