မိုးကောင်းကင်နှင့်ကမ္ဘာမြေ♥
မောင့်အမေကိုအသိပေးတော့လဲ လွယ်လွယ်ကူကူပဲလက်ခံပေးပါတယ်။
သူ့သားစိတ်ချမ်းသာဖို့နဲ့ သူ့သားရွေးချယ်မှုအတွက်အထွေအထူးမပြောပါဘူး။
ယောကျားလေးချင်း လက်ထပ်မှာ ထူးဆန်းနေပေမဲ့... ကြားဖူးနားဝမရှိပေမဲ့ ...
မောင့်အပေါ် အတော်ဖြည့်စည်းပေးနိုင်တဲ့အမေပါပဲ။"သားရယ် အမေက ငါ့သားစိတ်ချမ်းသာရင်ပြီးရော...တစ်ခါမှလဲ အမေ့သားရည်းစားကိစ္စမကြားဖူးခဲ့ရတော့...သားရွေးချယ်ရင်တော့ သားဖူးစာပါလို့ပဲဖြစ်မှာပါ"
"ကျေးဇူးတင်ပါတယ် အမေရယ်...ပြီးတော့ အမေ့ကိုသားပြောစရာရှိတယ်....ဒီအိမ်ကိုပြင်ပြီး ဆောက်ပေးမယ်....အိမ်ကဟောင်းနေပြီပဲ"
"အေးပါ...သားကောင်းသလိုစီစဥ်ပါ...အမေက အသက်ကြီးပြီ...သားတူလေး တူမလေးအတွက်ပဲ တွေးပါ...ပြီးတော့ကလေးတွေအတွက်သားကို တာဝန်တွေပုံပေးနေရတာ အားနာတယ်...သား အိမ်ထောင်ပြုပြီးရင်တော့ အမေတို့ကို အဲ့လောက်မလုပ်ပေးပါနဲ့တော့...ပြီးတော့..သားအစ်မလဲ..."
မောင့်မျက်နှာက တည်တည်ကြီးနဲ့ရယ်...အမေကဆက်ပြောမဲ့စကားကိုမပြောရဲရှာ။
"ပြော...ပြောပါ...ဒေါ်ဒေါ်..မိသားစုကိစ္စပဲ.. အရေးအကြောင်းရှိရင်ပြောပါ...ကဲ မျက်နှာလဲနည်းနည်းလျှော့ပါ ကိုကြီးဘဂျမ်းရယ်...ဟိုမှာ အမေက ဘာဆက်ပြောရမှန်းမသိတော့ဘူးဖြစ်နေပါပြီ"
ကြားကနေ လင်းသန့်ကြည်ကပဲ ဝင်ပြောပေးရသည်။
"အခုလဲ သားပြန်လာတော့...တခြားရှောင်နေပေးပါတယ် သားရယ်...သားတို့ရေချိုးဖို့တောင် ရေခပ်ပေးသွားသေးတယ်...သူလဲ သားကိုတွေ့ချင်ရှာပါတယ်...အစ်မကနောင်တရနေပါပြီ သားရယ်"
ဘေးကနေ ငေးကြည့်နေတဲ့ ကလေးတွေလဲ မောင်ဘာများပြောလေမလဲ နားစွင့်နေကြရှာသည်။
အမေကတော့ သားဖြစ်သူလဲစိတ်မဆင်းရဲစေချင်သလို သမီးဖြစ်သူကိုလဲသနား ကလေးတွေကိုလဲ အမေနဲ့မခွဲမခွာနေစေချင်ပုံပါပဲ။"အေးလေ....သားလဲ အမြဲနေတာမှမဟုတ်တာ...အမေ့သမီးအမေ ခေါ်ထားပေါ့...သားဘာမှမဖြစ်ပါဘူး....ကလေးတွေကိုလဲသားပဲတာဝန်ယူမှာပါ...အမေ့ကိုလဲ သားပဲတာဝန်ယူမယ်...သားဖြစ်စေချင်တာတော့ အမေသားနဲ့လိုက်နေစေချင်တယ်"

YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....