part(33)

11.6K 1K 119
                                    

နောက်ဆုတ်လို့မရ.....

ဘဂျမ်းမျက်နှာကို လင်းသန့်ကြည် ပြုံးကြည့်နေမိတယ်။
လက်ကလေးကလဲ တရွရွနဲ့ ပြေးလွှား တို့ထိရင်းပေါ့။

"မောင်တို့လေ....စကားတွေ အများကြီးပြောဖို့လိုတယ်....သိလား.....ငယ်ထွေး...နောက်ကျနေပြီဆိုတော့.... အိမ်ပေါ်ပြန်တက်တော့....မောင် လိုက်ပို့မယ်....မနက်ဖန် ဆေးရုံသွားရမယ်လေ"

"ဒီညလေ.....ဒီည....မအိပ်ချင်ဘူး"

"ဘာလို့လဲ.....မအိပ်ရင် မနက်ဖန်အလုပ် ဘယ်လိုလုပ်မှာလဲ....မောင့်ငယ်ထွေးလေးရဲ့"

"ဟင့်....အင်း.....ဒီတိုင်းပဲ ထိုင်နေမယ်.....ဒီလိုလေးပဲ ထိုင်နေချင်တယ်"

ပြောရင်း....ရင်ခွင်ထဲတိုးဝင်လာတဲ့ ကိုယ်လုံးအိအိလေး
သူ့ပုခုံးလေးကို ဖက်ကာထားရင်း ခေါင်းလေးကို ခိုးပြီးနမ်းနေမိသည်။ ရင်ခွင်ထဲမှာ ငြိမ်နေတယ်။
ခဏနေတော့ ဘဂျမ်းရင်ဘတ်တွေကို သူ့မျက်နှာလေးနဲ့ လိုက်ပြီးပွတ်သတ်နေတယ်။
ရင်ဘတ်တွေကို တရှုံ့ရှုံ့လုပ်ပြီးတော့ ခါးလေးကိုဆန့်လာပြီး ဘဂျမ်းလည်တိုင်ကို ကပ်လာတယ်။
သူ့နဖူးအိအိလေးနဲ့ ပွတ်လိုက်....ဘဂျမ်းကို ကြည့်လိုက်နဲ့.....ကစားတယ်။
တစ်ချက် တစ်ချက် နှာဖျားလေးနဲ့ တိုးပြီးထိတယ်။
ရှေ့ကိုတိုးလာ​ပြီဆို ကော့လာတဲ့ သူ့ခါးလေး....
ခါးကိုရစ်ပတ်ထားတဲ့ ဘဂျမ်း လက်တွေက လင်းသန့်ကြည်ရဲ့ ကျောပေါ်ရောက်လာလိုက်.....ခါးလေးပေါ်ပြန်ရောက်သွားလိုက်....

"အ ဟင့်....."

အသံလေးထွက်လာပုံကိုကြည့်....

"မယားတတ်ဘူးဆို"

"အရင်က မယားတတ်ဘူး...."

"ခုက....ဘာလုပ်မိလို့လဲ....မောင်လက်တွေကိုငြိမ်ပြီးထားတာပဲ....ငယ်ထွေး လှုပ်နေလို့လေ....ဟုတ်ဘူးလား"

"ဘာ....လို့.....အဲ့လောက်တတ်တာလဲ"

"အဲ့ဒါပဲ စဥ်းစားရခက်နေတာလေ....မောင် ဘာဖြစ်လို့များ....အဲ့လောက်ဖြစ်ပျက်သွားရတာလဲ"

"အရမ်းလည်တာပဲကွာ....မပြောတတ်တော့ဘူး"

တကယ်ပဲ ရှက်လာတာရော....သူ့လက်တွေရဲ့အထိအတွေ့ကြောင့်ရော....လင်းသန့်ကြည် သူ့ရင်ခွင်ထဲဝင်ပြီး ငြိမ်နေရပြန်တယ်။
အသက်ရှုသံမှန်မှန်နဲ့ နိမ့်လိုက် မြင့်လိုက်သူ့ရင်ဘတ်ကို ခိုးနမ်းရင်းပေါ့။
သူ့အိပ်ယာခေါင်းရင်းက ဖွင့်ထားတဲ့ ပြတင်းပေါက်သေးသေးလေးကနေ လေနုအေးလေးတွေ ဝင်လာတယ်။
ဒါပေမဲ့ ပူလွန်းတဲ့ခန္ဓာကိုယ်မှာ ချွေးစတွေနဲ့....
ပူးကပ်နေတဲ့ခန္ဓာနှစ်ခုက ပိုပြီးပူလာစေတယ်။
သူက စားပွဲလေးပေါ်က ယပ်တောင်လေးကိုဆွဲယူပြီး သူ့ရင်ခွင်ထဲက လင်းသန့်ကြည်ကိုခတ်ပေးတယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now