part(13)

9.3K 1K 7
                                    

ကိုယ်တိုင်သတိမထားမိခဲ့သော....ခံစားချက်တို့မှသည်..
♥♥

အိမ်ပြန်ရောက်တာနဲ့.....ဘဂျမ်းကို အဆောင်မှာရှိနေလူတွေက သတင်းမေးကြသည်။ ဘဂျမ်းလဲ ကျေးဇူးတင်ကြောင်း ပြန်ပြောရသည်။
ဟုတ်တယ်လေ.....သူတို့သာ မသိချင်ယောင်ဆောင်နေရင် ဘဂျမ်း ဘဝမတွေးရဲ။

ဘဂျမ်းတို့ ရပ်ကွက်ထဲတွင် ဒီလိုပါပဲ။ တစ်ဦးကိစ္စရှိလျှင် တစ်ဦးက ရိုင်းပင်းကြမြဲ။ သီးသန့်အိမ်လုံးချင်းထက် အဆောင်အခန်းတွေကပိုများသည်။ ဘဂျမ်းနို့အဆောင်တစ်ခုပဲ ယောကျားလေးသီးသန့်အဆောင်။ ကျန်တဲ့အဆောင်တွေက မိသားစုအဆောင်တွေ။ ဒါကြောင့် လမ်းထဲတွင်ကလေးလဲများသည်။ ရန်ဖြစ်သံတွေလဲနေ့တိုင်းရှိသည်။ ထို့အတူ ရိုင်းပင်းမှုလဲရှိကြသည်လေ။

အခန်းကို ပြန်လာပြီး အိပ်ယာပေါ်ကို လှဲချလိုက်သည်။
အိပ်ချင်စိတ်တော့မရှိပါ။ ညက အိပ်ရေးဝခဲ့သည်လေ။ ဒါ့အပြင် ဆေးလဲကုခဲ့ရပြီ။ အဖျားကျန်သေးပေမဲ့ မနေနိုင်လောက်သည်အထိတော့မဆိုး။ ခေါင်းထဲမူးအုံအုံလေးနည်းနည်းကျန်သည်။
ဆေးရုံက ပေးလိုက်သည့်ဆေးထုတ်လေးကို သိမ်းသည်။ နေ့လည်သောက်ရမည်။ဆေးသောက်ပျင်းသည်တော့မဟုတ်ပေမဲ့ အရင်က သိပ်လဲကြီးကြီးမားမား နေမကောင်းမဖြစ်ခဲ့ဖူးသလို တစ်ခါတစ်ရံဖျာစခဲ့ရင်လဲ
ဆေးကို သက်သာရင်ဆက်မသောက်တော့ပါ။ ဆေးပတ်လည်အောင်သောက်တာမဟုတ်ခဲ့။
ခု......ဒီလိုနေလို့မရတော့ဘူး.....ဆေးသောက်ရမည်။ ကျန်းမာအောင်နေရမည်။
အစားကိုလဲ သူနာပြုညွှန်လိုက်သည့်အတိုင်း စားမည်။
ဒီနေ့ ကယ်ရီဂိတ်ကို မသွားဘဲ အေးအေးဆေးဆေးနားမည်။
ဒီတစ်ခါတော့ သူ့စကားကို အတိအကျနားထောင်မည်။

ကိုယ့်ခန္ဓာနဲ့ကိုယ် ကြိုက်သလောက်ပေတာ ကိစ္စမရှိပေမဲ့.....ခုတော့...ကိုယ့်ကြောင့် သူတပါးတွေ အလုပ်ပိုကြရသည်။ အောက်ထပ်ကကောင်တွေ ဆေးရုံလိုက်ပို့ကြရသည်။ ကိုဝင်းအောင်တို့လင်မယားလဲ စိတ်ပူကြရသည်။
အဆိုးဆုံးကတော့....ထို... အကြည်ရောင်လေးပါပဲ...
တစ်ညလုံးမအိပ်ဘဲ စောင့်ပေးသည်တဲ့လေ....

သူနာပြုဆရာမက ဘဂျမ်းကိုပြောလိုက်သည်။
သူ.....ထိုအ​ကြည်ရောင်လေးက.... တစ်ညလုံးစောင့်ပေးနေသည်တဲ့။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now