part(9)

9.7K 1.1K 2
                                    


ဘဂျမ်းနှင့် လင်းသန့်ကြည်

ဘဂျမ်း အလှည့်ရောက်လာလို့ ခရီးသည်တင်ကာထွက်လာခဲ့သည်။ ညနေစောင်းလုပြီ ဖြစ်တာကြောင့် မိုးတိမ်လိပ်တွေ ကောင်းကင်မှာတက်လာသည်။
ကောင်းကင်ကို မော့ကာကြည့်ရင်း ဒီတစ်ခေါက်ပြီးရင် နားမည်ဟု....ဘဂျမ်းတွေးသည်။ညနေစောင်းလို့ပဲလား မိုးတက်လာလို့ပဲလားတော့မသိ... ဘဂျမ်း နေလို့သိပ်မကောင်းချင်။

ဘဂျမ်း ကယ်ရီကိုအဆောင်ရှေ့တွင်ရပ်လိုက်သည်။ မိုးရေစိုလက်စရှိတာကြောင့် ဆိုင်ကယ်ကို ရေဆေးလိုက်မိသည်။ ခဏပါပဲ ရေဆေးတာက....နောက်ဘက်ရေချိုးရာ နေရာမှ ရေနှစ်ပုံးလောက်ခပ်ပြီး ခပ်သွက်သွက်ဆေးလိုက်သည်။ ဆိုင်ကယ်သိမ်း ရေမြန်မြန်ချိုးကာ နွေးနွေးထွေးထွေးဝတ်ကာနေရသည်။ ထမင်းစားချင်စိတ်ကမရှိ....ဆေးကလဲသောက်ရအုံးမည်။ ခေါက်ဆွဲလေးတစ်ထုတ်လောက်ပြုတ်စားမည်ဟု စိတ်ကူးသည်။ ဘဂျမ်းက ညစာတွေဘာတွေ သိပ်မသေချာသူမို့ ညရေးညတာဗိုက်ဆာရင်စားရအောင်ဝယ်လာတဲ့ ခေါက်ဆွဲထုတ်ရှိသည်။

ခေါက်ဆွဲကို အများသုံးအတွက်ထားသည့် ပလပ်ပေါက်ဆီသို့သွားပြုတ်ရသည်။ တစ်ချို့တွေက အဆောင်မှာပဲချက်ပြုတ်စားကြသည်။ ယောကျားလေးဆိုပေမဲ့ ဟင်းချက်စားရမှကျေနပ်သူတွေက အပင်ပန်းခံ အလုပ်ရှုပ်ခံကာချက်တတ်ကြသည်လေ။ အချက်အပြုတ်ဝါသနာကြီးသည့်ယောကျားလေးတွေ ဘဂျမ်းတို့အဆောင်မှာရှိသည်။ အခန်းတိုင်းကိုတော့ ချက်ပြုတ်စရာနေရာပေးမထားပါ။ အများသုံးအတွက်တော့ သီးသန့်နေရာပေးထားသည်။

ဘဂျမ်း... ခေါက်ဆွဲပြုတ်ပူပူကို ခပ်မြန်မြန်မှုတ်သောက်လိုက်သည်။ သောက်ပြီးတာနဲ့ ဆေးတစ်လုံးထပ်သောက်လိုက်သည်။ ခေါက်ဆွဲပြုတ်ပူပူကိုသောက်လိုက်မိတာကြောင့်ရော...ဆေးကြောင့်ရော ဘဂျမ်းချွေးစို့လာသည်။ သို့သော် ဘဂျမ်းအဝတ််တစ်ထည်မလဲတော့ပါ။ မိုးကဒီရက်ပိုင်းစွေနေသည်ကြောင့်ရော...မနေ့ညကအဖျားတက်စဥ်ဝတ်ထားသောအဝတ်များကို လျှော်မိလိုက်သည်ရောကြောင့် နဂိုအဝတ်အစားများများမရှိသူ ဘဂျမ်းမှာ လဲဝတ်စရာမရှိတော့ပါ။

စောစောအိပ်ယာဝင်ခဲ့သည်။
ညရောက်တော့ ဘဂျမ်း ခိုက်ခိုက်တုန်လာတော့သည်။ အဖျားပြန်တက်လေပြီ။ ဆေးခန်းသွားကာ ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးသောက်တာလဲမဟုတ်။ ဒါ့အပြင် ဘဂျမ်း အဖျားရှင်းရှင်းလင်းလင်းမပျောက်မှီတွင် မိုးစိုခံမိသည်။ ညနေကလဲ ရေချိုးကာနီး ဆိုင်ကယ်ရေဆေးရင်း ကြာမိပြန်သည်။
ကိုယ်ခံအား သိပ်မကောင်းသေးမှီ အဖျားကိုအရင် အမြစ်ပြတ်မကုဘဲ ဘဂျမ်း အမှားကြီး မှားမိပြန်သည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now