စစ်...
"ကိုလင်းသန့်"
ဆေးရုံ ကော်ရစ်ဒါမှာမှီပြီး လင်းသန့်ကြည်ကိုလှမ်းခေါ်တဲ့ ကိုငြိမ်းမိုး...
ခုမှ...အလုပ်တွေပြီးတာကြောင့်....မောင့်ကိုဖုန်းခေါ်ဖို့ထွက်လာတာ။မြင်ရတဲ့နေရာမှာနေပါဆိုတာကို မနေဘဲ ဘယ်သွားနေလဲမသိတော့ စိတ်ကကောက်ချင်နေတာ....ကိုငြိမ်းမိုးကိုမြင်တော့ ရုတ်တရက်လန့်သွားတယ်။
"အော်...ကိုငြိမ်းမိုးပါလား....မတွေ့တာတောင်ကြာပြီ"
"ကျွန်တော် အလုပ်ကိစ္စနဲ့နိုင်ငံခြါးရောက်နေရလို့ပါ..."
"ဟုတ်...ဟုတ်"
စိတ်က ဘယ်လိုပဲကောက်ချင်ပါစေ....ပစ်စလက်ခတ်လုပ်လို့မရတဲ့ ဧည့်သည်ဆိုတော့ စကားကိုကောင်းကောင်းမွန်မွန်ပြန်ပြောရတယ်။
"ဒီမှာပဲ ရပ်နေတာလား....ရောက်တာကြာပြီလား"
"မရပ်ပါဘူး....ရောက်တာကြာပြီ.....ဝတ်ရည်နဲ့တောင်စကားပြောနေကြသေးတာ....ဟို...လက်ဆောင်တွေပါလာတယ် ကိုလင်းသန့်အတွက်.."
"ဟာ....အားနာစရာကြီး....ဘာလို့ဝယ်လာတာလဲ"
"လက်ခံပေးပါကိုလင်းသန့်....ကျွန်တော်...ဟို....ကိုလင်းသန့်ရယ်...မငြင်းပါနဲ့"
တစ်ခုခုပြောချင်နေတာသိသာတယ်။
ခေါင်းကိုဖွဖွကုတ်ရင်း... ကိုငြိမ်းမိုးမျက်နှာက အားနာသလို ရှက်သလိုဖြစ်လာတယ်။"ဟုတ်...ဒါဆိုလဲ လက်ခံပါ့မယ်"
"ကျေးဇူးပါ ကိုလင်းသန့်ရယ်"
"ကားထဲမှာ ထားခဲ့တာ....ကျွန်တော်သွားယူပေးပါ့မယ်"
"ကျွန်တော် လိုက်ယူပါ့မယ် ကိုငြိမ်းမိုး"
ကားရပ်တဲ့နေရာရောက်ရင် ကိုယ့်ကားလဲ တွေ့မှာပဲ။ ဒါဆို မောင်တစ်ယောက် ကားထဲမှာများလား ကြည့်ရမယ်။
ထိုအချိန်မှာပဲ ဆေးရုံဂိတ်ပေါက်ကနေမောင်းဝင်လာတဲ့....မောင့်ဆိုင်ကယ်...
စိတ်ကလေ...တကယ် မရတော့ဘူး...သိလား...
မောင်တစ်ယောက်ကို ဘယ်လိုလုပ်ရပါ့မလဲပဲ...
နဂိုအကောက်ခံရှိတဲ့စိတ်က ဒီလိုမြင်လိုက်ရမှ ပိုဆိုးသွားတာ။
သူက...ဆိုင်ကယ်ကို နေရာတကျရပ်ပြီး ဒီဘက်ကိုတစ်ချက်ကြည့်တယ်။ ပြီးတာနဲ့ ချက်ချင်းမျက်နှာလွှဲသွားတယ်။အနားကိုမလာဘူး။ လူကို ကျီးထိုးထိုး လောက်ကိုက်ကိုက်ပစ်ထားမယ်ပေါ့....ဟုတ်လား။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....