part(4)

11.9K 1.2K 15
                                    


လင်းသန့်ကြည်

ကားပေါ်ကဆင်းတာနဲ့ မှတ်တိုင်အမိုးအောက်ကနေ လှစ်ကနဲပြေးလာကာ...ပခုံးကိုတဖြတ်ဖြတ်ရိုက်တော့သည်။

"နာတယ်ဟဲ့.... ဝတ်ရည်မရဲ့...သေမလို့ ရိုက်နေတာလား...ပင်ပန်းလာတဲ့သူကို"

"နင်ကများ....ပြောရတယ်ရှိသေး...အိမ်ကလူတွေစိတ်ပူနေပြီ....ဖုန်းမဆက်ဘူး နောက်ကျမယ်ဆိုလဲ"

ပြောရင်းရိုက်ပြန်သည်။

"ဖုန်းက အားကုန်တာဟဲ့...နင့်ဆေးခန်းရပ်ကွက်က မိုးရွာတာနဲ့ မီးကအရင်ပြတ်တာ...မီးပြန်လာလို့အားသွင်းမလို့ရှိသေး....လူနာလာလို့ နောက်ကျသွားတာ"

ဖြေရှင်းချက်လဲပေးရင်း လွတ်အောင်လဲ ရှောင်ရသည်။

"လင်းသန့်...သား....နောက်ကျနေပြီကွာ....စိတ်ပူနေရတာ....ဒီကောင်ပါမသွားတော့ပိုပြီးစိတ်ပူရတာပေါ့"

"ဟယ်...ပါပါး... "

မှတ်တိုင်အမိုးအောက်မှာ ထီးတစ်လက်ကိုင်ကာစောင့်နေသော...ဝတ်ရည်ရဲ့အဖေ....ဆရာဝန်ကြီးဦးတိုးဝင့်ရှိန်...လင်းသန့်ကြည်အားနာသွား​တော့သည်။
အလုပ်ရှုပ်သူ အလွန်အလုပ်များသူက ရှားရှားပါးပါးအားလပ်ချိန်လေးကို မိမိကိုလာကြိုရသည်လေ။

"ပါပါးရယ် အိမ်ကစောင့်လဲရတဲ့ဟာကို...."

"ပါပါးက လမ်းလျှောက်ချင်လို့ လိုက်လာတာပါ...ဒီကောင်တစ်ယောက်ထဲဖြစ်နေလို့လေ...တူတူလာစောင့်ပေးတာ"

ဝတ်ရည်ပုခုံးပေါ်လက်တင်ကာဖက်ရင်း ပြောသည်။
ဝတ်ရည်မကတော့ မျက်စောင်းတခဲခဲ... အိမ်ရောက်လဲ ဒင်းကို ရှောင်ရမည်။ လက်မြန်ခြေမြန် သိပ်ရိုက်တာ။ နာတယ်။

အိမ်ရောက်တော့လဲ ဝတ်ရည်အမေ အန်တီသက်ထားနဲ့ အဒေါ်ဖြစ်သူ ဒေါ်ပိုးဝင့်ရှိန်က စိတ်ပူပန်ကြီးစွာစောင့်နေသည်။ အကျိုးအကြောင်းတော့ ပြောပြလိုက်ရတာပေါ့။ လူကြီးတွေကလဲလေ...တကယ်ပါပဲ...ဝတ်ရည်ကိုဆိုဒီလောက်မပူပန်။ ယောကျားလေးဖြစ်တဲ့ လင်းသန့်ကြည်ကိုပူသည်။ ဝတ်ရည်မကိုယ်တိုင် ကိုယ့်ကိုစိတ်ပူလို့ မျက်နှာပျက်နေတာကိုကြည့်ပြီး ဒီမိသားစုနဲ့ တွေ့ရတာ ဘုရားပေးတဲ့ဆုတစ်ခုလို့ပဲ လင်းသန့်ကြည် ခံယူမိသည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now