part(21)

8.3K 990 22
                                    

မနီးခင် ဝေး.....

အားလုံးလက်စသတ်ပြီးတော့....ရှစ်နာရီ​ကျော်ပြီ။
ပြန်ဖို့ အလောတကြီး ဖြစ်သွားရပြီလေ။ အိမ်မှာ လူကြီးတွေက တမျှော်မျှော်...

"ဆရာ.....ဆေးဖိုး....ဘယ်လောက်လဲမသိဘူး"

လင်းသန့်ကြည်က ဆေးကုန်တာနဲ့ ဘဂျမ်းကို ချက်ချင်းမထခိုင်းဘဲ ထားရသေးတာကိုး။ ပြီးတော့ ကပျာကသီသူ့ပစ္စည်းတွေ ကောက်ကိုင်ပြီး ပြန့တော့မယ်ဆိုတော့ ကုတင်ပေါ်က ဖြေးဖြေးထရင်း ဘဂျမ်းက မေးရတာ။

"အော်....ဟင့်အင်း...မပေးနဲ့... ကျွန်တော် မယူပါဘူး"

လင်းသန့်ကြည် အပြောကြောင့် ဘဂျမ်း ခေါင်းကိုငုံ့ချလိုက်သည်။ ဆရာရယ်....ကျွန်တော် အလုပ်လုပ်နိုင်တဲ့ယောကျားတစ်ယောက်ပါ...ကျွန်တော့်ကို မသနားဖို့ တောင်းပန်ထားသေးတယ်လေ....ကျွန်တော် ပိုက်ဆံချို့တဲ့တာမှန်ပေမဲ့ ဆရာထင်ထားသလောက် မဆိုးသေးပါဘူးဗျာ....ဆရာကလဲ ဗျာ....
ဒီစကားတွေက....ရင်ထဲမှာ မြည်ဟီးနေပေမဲ့ အပြင်ကို ဘဂျမ်းနှုတ်ကနေ ထွက်ကျမလာ။
ဒါပေမဲ့...မျက်နှာက ပြိုတော့မဲ့ မိုးလို....ညိုလို့။

လင်းသန့်ကြည် မော့ကြည့်တော့ ကုတင်ပေါ်မှာ ခြေတွဲလောင်းချပြီး ထိုင်နေသေးတဲ့ ဘဂျမ်း အကြည့်ကြောင့်ရော မျက်နှာကြောင့်ပါ...သိလိုက်ပါပြီ။
သူ....စိတ်မကောင်းဖြစ်သွားကြောင်းကိုပေါ့။

"စိတ်ထဲမထားပါနဲ့ ကိုဘဂျမ်း...ကျွန်တော် ကူညီချင်လို့ပါ....ဘဂျမ်း ကျွန်တော့်ကို ကူညီရမဲ့အလှည့်ကြုံခဲ့ရင်လဲ ဘဂျမ်းက ကူညီမယ်လို့ ကျွန်တော် ယုံကြည်တာကြောင့်....ဆေးလေးသွင်းပးတာနဲ့တော့ စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့....စိတ်မကောင်းလဲ မဖြစ်နဲ့...ကျွန်တော့်လူနာမို့လို့ပါ"

အေးဆေးသက်သာစွာ လင်းသန့်ကြည် ပြောတော့လဲ မျက်နှာက ကလေးလို။
ဒါပေမဲ့...သိပ်တော့ မဟုတ်သေး။
ဘာပြန်ပြောရမလဲတော့ သူသိပုံမရ။
ဒါကြောင့် လင်းသန့်ကြည် ကိုသာ တွေတွေကြီးကြည့်နေတော့တာ။
နက်မှောင်နေတဲ့ မျက်ဝန်းတွေ....မျက်တောင်ရှည်တွေကရှိရသေး....ဘဂျမ်းရဲ့ ညိုညိုစိုစိုအသားအရည်ကြောင့် မထင်ရှားဘူးထင်ရင်မှားမယ်။ သူ့မျက်ဝန်းတွေက....ကြည့်လိုက်ရင် နက်နက်စိုက်စိုက်မို့....ကြာတော့ အကြည့်မခံနိုင်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now