ယနေ့မှစ နှစ်တစ်ရာတိုင်

7.4K 491 34
                                    

Unicode

နှစ်သစ်ကူးညဟာ မောင်တို့နှစ်ယောက်အတွက်ဘယ်သောအခါမှ မမေ့နိုင်တဲ့အမှတ်တရတွေရှိတယ်။
ငယ်ထွေးခေါ်ရာနောက်ကိုလိုက်ခဲ့ရရင်းပဲ ငယ်ထွေးဆီကအရာအားလုံးကိုအပိုင်သိမ်းမိခဲ့တာလေ။ ဒီလိုနှစ်သစ်ကူးည မဟုတ်လား။

နှစ်တွေက ကြာသွားပြီ။
ဒါပေမဲ့ နှစ်သစ်ကူးညတိုင်းအသစ်တဖန်ပြန်ပြီး အမှတ်ရစေတယ်။ အဲ့သည်ညက..... ချောင်းသာကမ်းခြေမှာလေ....

.
.
.
ဒီဇင်ဘာလက ပြောပြရမယ်ဆိုဘဂျမ်းက အလုပ်များတယ်။ တစ်လလုံးလုံးမနားရဘူး။ ခရီးထွက်နေရတာပဲ သုံးကြိမ်ရှိပြီ။ ကိုယ့်ကြင်နာသူငယ်ထွေးလေးအနားကိုလဲ မကပ်ရဘူး။ ကလေးတွေအနားလဲ မကပ်နိုင်ဘူး။
သားတွေကြီးလာလေ ဘဂျမ်းအလုပ်တွေ များလာလေပါပဲ။ ဘဂျမ်းရဲ့ ပိုင်ဆိုင်မှုဘယ်လောက်ရှိပြီလဲ မှန်းဆလို့မှ မတတ်နိုင်အောင်ဖြစ်ရပြီ။ အရှိန်ရနေတဲ့အလုပ်ကို ဘဂျမ်းကြိုးစားပြီးလုပ်တယ်။ အခုဆို ဘဂျမ်းတူလေးလဲအလုပ်မှာ ကူနိုင်နေပြီ။
အလုပ်သရဲဆိုတော့ ကိုဝင်းအောင်လဲရှိ... တူဖြစ်သူလဲရှိပါရက်နဲ့ ဘဂျမ်းကိုယ်တိုင်ဦးစီးနေဆဲပါ။

ငယ်ထွေးက အလုပ်ထွက်လိုက်ရပြီ။
သူ့သားတွေ အသက်နည်းနည်းကြီးလာတော့ စာဘက်ကိုဖိဖိစီးစီးလုပ်စေချင်ပေးချင်တာကြောင့် ဒေါက်တာလင်းသန့်ကြည်အလုပ်ထွက်လိုက်ရပါတယ်။ တော်တော်လေးနားချမှဘဲ ငယ်ထွေးကအလုပ်ထွက်တာ။ ဘဂျမ်းအလုပ်တွေတကယ်များပြီး အိမ်ထောင်ဦးစီးနှစ်ယောက်မှာ တစ်ယောက်ကတော့အိမ်ကပ်မှရတော့မှာကို လက်ခံအောင်နားချရတာပေါ့။

ဘဂျမ်းအမေနဲ့ငယ်ထွေးအမေက အသက်ကြီးနေပြီ။ ဒါကြောင့် အိမ်မှာသူနာပြုတစ်ယောက်ကို လူကြီးတွေအနား ၂၄ နာရီပြည့်ထားပေးရတယ်။ ငယ်ထွေးလဲရှိပေးရတာပေါ့။
အလုပ်အပေါ်သံယောဇဥ်ကြီးပြီး နယ်ဆေးရုံမှာဆရာဝန်အင်အားနည်းတာကြောင့် ငယ်ထွေးကမထွက်ချင်ရှာဘူး။ ကလေးတွေအတွက်ဆိုလဲသူကကိုယ်တိုင်လုပ်ပေးချင်သေးတာလေ။
တစ်နေကုန် မိုးလင်း မိုးချုပ် သူ့သားနှစ်ယောက်ရဲ့ဝေယာဝစ္စကို အရင်လုပ်ရတယ်။ ခိုင်းရမဲ့သူဘယ်လောက်ရှိရှိ မနက်စာကိုလဲသူကိုယ်တိုင်ပြင်ပေးတယ်။ သူ့သားနှစ်ယောက်အကြောင်းပေါ်လာမှဘဲ ငယ်ထွေးအလုပ်ထွက်တော့တာ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now