part(19)

8.4K 935 23
                                    

လင်းသန့်ကြည်ဆေးခန်းရှေ့ကိုရောက်တော့ ကျေးဇူးတင်စကားပြောပြီး ကားပေါ်ကဆင်းတယ်။ ကိုငြိမ်းမိုးက လင်းသန့်ကြည်ကားပေါ်ကဆင်းကာနီး ပြေးလာပြီး ကားတံခါးကိုဖွင့်ပေးတယ်။
အဲ့လိုဖြစ်မှာစိုးလို့ မြန်မြန်ကျောပိုးအိတ်ကိုလွယ်ပြီး ဆင်းဖို့ပါပဲ။ ခါးပတ်ဖြုတ်နေရတာရယ် လူကကားပေါ်ကဆင်းကာနီး ယောင်ပြီး ပစ္စည်းစစ်တတ်တဲ့အကျင့်ပါနေတာကြောင့်ရယ် ကြာသွားတာ။ လိုင်းကားပေါ်မှာဆိုရင် ထီးတို့ ထမင်းချိုင့်တို့ မကြာ မကြာ ကျန်ခဲ့တဲ့ကိုယ့်အကျင့်ကြောင့် ဆင်းကာနီးဆို ပစ္စည်းစစ်တတ်တဲ့အကျင့်ကိုလုပ်ထားမိတာ။

တံခါးဖွင့်ပေးတော့လဲ ဆင်းလိုက်ရတာပေါ့။
ဆင်းပြီးတာနဲ့ ကျေးဇူးတင်စကားပြောရတယ်။
ဆေးခန်းထဲ ဝင်ပါအုံးလို့ ပြောရကောင်းမလား....မပြောရကောင်းမလား....ဒွိဟတွေနဲ့...
စိတ်အိုက်လိုက်တာ....ငါ့နှယ်....

ငြိမ်းမိုးလဲ လင်းသန့်ကြည်ကို ဒီနေ့မှစတွေ့တာ...
ဒီနေ့မှာကို ဘယ်လိုဖြစ်မှန်းမသိတော့ဘူး....ဒါမျိုး လုံးဝမဖြစ်ဖူးဘူး။ လုံးဝဆို တကယ်လုံးဝပါပဲ။ ငြိမ်းမိုးဘဝမှာ ယောကျားလေးတစ်ယောက်ကို ချစ်စရာကောင်းတယ်လို့မြင်မိတာရယ်....သူ့နားကနေ ပြန်ရကာနီးတိုင်း မပြန်ချင်တာရယ်....တစ်ခါမှကို မဖြစ်ဖူးခဲ့တဲ့ ခံစားချက်ပါပဲ။ ခုချိန်မှာ ငြိမ်းမိုး သူ့ကိုအရမ်းဝင်မရောရဲ....သူက ဘယ်လိုရုပ်လေးဖြစ်နေမှန်းမသိဘူး။ သနားစရာလေး....အင်း.....ချစ်လဲချစ်စရာလေးပေါ့။
အုပ်ဝိုင်းဝိုင်းဆံပင်လေးတွေကြားက မျက်နှာလေးက ပျက်ချင်ချင်နဲ့....ကိုယ့်ကြောင့်တော့ မျက်နှာမပျက်စေချင်ပါ။ အစစအရာရာ သတိထားရမယ်လို့ ငြိမ်းမိုးတွေးနေရင်း.....

"ဟို.....ဆေးခန်းကိုဝင်အုံးမလား...ဝတ်ရည်နဲ့လဲ မိတ်ဆက်ပေးရအောင်..ဆေးခန်းက ကျဥ်းတော့ကျဥ်းတယ်"

ဆေးခန်းငယ်လေးထဲ လှမ်းကြည့်ရင်းပြောတဲ့အသံတိုးတိုးလေး....
ဟုတ်ပါရဲ့...အပြင်မှာ ထိုင်စောင့်နေကြသူတွေ လေးငါးယောက်ရှိသည်။ မိုးမရွာလို့ အဝင်လမ်းလေးဘေးမှာ ခုံလေးတွေချပြီးထိုင်နေကြတာ။ မိုးသာရွာရင်ဆေးခန်းထဲ လူပြည့်နေလောက်မှာ။ ဆေးခန်းလေးက သိ်တော့မကျယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now