part(39)

9.5K 898 31
                                    

အချော့တော်....

"မောင်....ကယ်ရီရောင်းလိုက်တော့....မမောင်းနဲ့တော့"

မွေ့ယာလေးပေါ် နေရာချပေးပြီး ငယ်ထွေးကိုရေခပ်တိုက်ရသေးတယ်။
မောင် ငယ်ထွေးရှေ့မှာထိုင်တာနဲ့ ပြောလာတဲ့စကားလေး....

"ဘာဖြစ်လို့လဲ ငယ်ထွေးရယ်....ဘာလို့လဲဟင်....မောင် ပိုက်ဆံရှာရသေးတယ်လေကွာ....ပြီးတော့ တနေကုန်လဲအားနေတာပဲ...ခိုင်းစရာရှိလို့ ခေါ်ရင် မောင် ပြန်လာပေးတယ်လေ....ဟို...ဟို...မောင် ကယ်ရီဆွဲတာကို ငယ်ထွေး ရှက်လို့လား..ဟင်"

"ဘာ တွေ ပြော ပြန် ပြီ လဲ လို့....အဟင့်...အဟင့်..."

"မငိုနဲ့...မငိုနဲ့...တကယ်ဆို မောင်က ငယ်ထွေးနဲ့မတွေ့ခင်ကတည်းက ကယ်ရီသမားပဲလေ....မောင်နဲ့ငယ်က အဝေးကြီး...အရမ်းကို အဝေးကြီးပါ....မောင့်ကြောင့် ငယ်ထွေးမျက်ရည်ကျရပြီ....မောင်...တကယ်စိတ်မကောင်းဘူး....မောင် ဖြစ်စေချင်တာ ဒီလိုမဟုတ်ဘူး..ငယ်ရယ်...မောင်...ဘာလုပ်ရင်ကောင်းမလဲ.... ငယ်ထွေးအတွက် မောင် ဘာများဖြည့်စည်းပေးနိုင်မလဲ....မောင်....ဘာလုပ်ပေးရမလဲ ငယ်ထွေးရယ်"

ငယ့်မျက်နှာပေါ်မှာ... မျက်ရည်တွေ ကျနေဆဲ...
တစ်ချိန်လုံး ငိုနေရတာကြောင့် နှာသီးဖျားလေးတွေ ရဲလို့...
ခပ်ထူထူဖောင်းဖောင်း နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်ရီနေရှာတယ်။
မျက်လုံးထဲမှာ ပါးပြင်ပေါ်ကို လှိမ့်ချတော့မဲ့ဆဲဆဲ မျက်ရည်ဥတွေ....
မောင်...တကယ်....သေရပါတော့မယ်...ငယ်ထွေးရယ်

"မောင်....ဘာတွေကို ဘယ်လိုလုပ်ရတော့မှာလဲ ငယ်"

"မောင်...အမြဲ အဲ့လိုမျိုး ပေါက်ကရတွေတွေးတယ်....ငယ်က မောင့်အလုပ်အတွက်ရှက်ဖို့အကြောင်းရှိပါ့မလား...မောင် စဥ်းစားပါအုံး....ငယ်အတွက့် မောင်က မောင်ပဲ....ဘယ်သူတွေဘာပြောပြော...မောင်က မောင်ပဲ...ဒီလောက်မှ မတွေးထားဘဲနဲ့...ငယ်က မောင့်အကြင်နာတွေကို တောင်းပါ့မလား....ဟင်...မောင်...
ငယ့်ကို အထင်သေးတာလား....လျှော့တွက်တာလား...မောင် ကြင်နာသလောက် ငယ် မကြင်နာဘူးလား....ဟုတ်လား...မောင် အဲ့လိုထင်နေတာလား"

မျက်ရည်တစ်ဝက် နှပ်တစ်ဝက်နဲ့ ဆူပွပြီးရန်ထောင်တော့သည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now