part(53)

7.5K 770 25
                                    

ငိုရခက်...ရယ်ရခက်

ဘဂျမ်း ရေချိုး အဝတ်လဲပြီး အိမ်ရှေ့ဧည့်ခန်းဆီထွက်လာတော့....ဧည့်သည်တွေနဲ့စကားဝိုင်းလေးကနေ ငယ်ထွေးမေမေကလှမ်းခေါ်တယ်။

" လူလေး...ဘဂျမ်း...လာပါအုံး...ဒီမှာလေ...လင်းသန့်ငယ်ငယ်က စာသင်ပေးတဲ့ဆရာမဒေါ်သန်းသန်းအေးတဲ့...လင်းသန့်လေးကိုသိပ်ချစ်တာ....ဒီဘက်က ဆရာမရဲ့သမီး​​လေး...ရွှေရည်ရွန်းလဲ့တဲ့...အစ်မရေ...သူက...ဘဂျမ်းတဲ့...ရန်ကုန်မှာတော့ လင်းသန့်ကို ဆရာဝန်ကြီးတို့မိသားစုနဲ့ ဒီလူလေးကစောင့်ရှောက်ပေးတာ"

တခုတ်တရ ဘဂျမ်းနဲ့မိတ်ဆက်ပေးနေတော့...မျက်နှာဘယ်နားထားရမှန်းတောင်မသိဘူး။
တကယ်မိသားစုဝင်တစ်ယောက်လို အရေးပါသူတစ်ယောက်လို မိတ်ဆက်ပေးတယ်။
ကလေးမက...ပြုံးပြုံးရွှင်ရွှင် အေးအေးဆေးဆေးပါပဲ။

မောင်ရင်ငယ်ထွေးကတော့...မဆူမကြုံ မနိမ့်မမြင့် မတည်မရယ်ပေါ့။ ခန့်မှန်းရခက်တဲ့ မျက်နှာကြီးနဲ့...ဖွားနားမှာကပ်ထိုင်နေတယ်။

ဆရာမနဲ့တော့ စကားတွေပြောတယ်။
ကလေးမကို သိပ်မကြည့်ဘူး။
စကားလဲ တစ်ခွန်းစ နှစ်ခွန်းစပဲပြောတယ်။

လုံးဝမကြည့်ရင် ရိပ်မိသွားပြီး အားနာစရာဖြစ်မှာစိုးတော့ တစ်ချက်တစ်ချက်တော့ကြည့်တယ်။
ကြည့်ပြီးရင်လဲ အီလည်လည်နဲ့ ဘာရုပ်မှန်းမသိဘူး။
လူကြီးတွေက စကားတွေပြောရင်းဆိုတော့ ငယ်ထွေးမျက်နှာအပြောင်းအလဲ မရိပ်မိကြဘူး။ ကလေးမကတော့ သိပ်ပြီးစကားလဲဝင်ပြောစရာမရှိတော့...ခေါင်းလေးငုံ့လိုက်...အပြင်ငေးလိုက်ပါပဲ။
ငယ်ထွေးမျက်နှာပဲ အရိပ်အကဲလိုက်ကြည့်နေတဲ့ ဘဂျမ်းမှာတော့...လူကြီးတွေရိပ်မိပြီးအားနာစရာဖြစ်မှာလဲကြောက်ရ...တီကောင်ကို ဆားနဲ့တို့သလိုဖြစ်​ဖြစ်သွားတဲ့ရုပ်လေးကိုလဲကြည့်ပြီး အူကယားလာတယ်။

တကယ်ပဲ ကလေးမကလိမ္မာရေးခြါးရှိပုံပါပဲ။
တက္ကသိုလ်ဆရာမတစ်ယောက်နဲ့ လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှုရော အနေအထိုင်ပါရှိတယ်။
ပြောမယ်ဆို ဒီတိုင်းထိုင်ကြည့်ရင်တောင်မှ...ငယ်ထွေးနဲ့လိုက်ဖက်တဲ့သူဆိုတာ မငြင်းနိုင်ဘူး။
ဘဂျမ်းမှာ ရင်နာတစ်ဖက်....ငယ်ထွေးကြောင့် အူယားတစ်ဖက်နဲ့ သိပ်တော့အဆင်မပြေဘူး။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now