part(63)

8K 719 23
                                    

Unicode

မောင်...

တစ်လလောက်ကြာတဲ့အထိ လင်းသန့်ကြည် နလန်ထူဖို့ကြိုးစားနေရဆဲ။
ဝတ်ရည်က အရိပ်တစ်ကြည့်ကြည့်ဂရုစိုက်ပါသော်လည်း လင်းသန့်ကြည်အဆင်မပြေသေးတဲ့အတွက် သူပဲအလုပ်ကနှစ်ဆလုပ်နေရတာ။
လင်းသန့်ကြည်က ဆေးရုံကို ခွင့်တင်ထားရတယ်။

လူကြီးတွေကို ရှင်းပြနေတာရယ်...သူတို့ကြာရင်ရိပ်မိသွားမှာရယ်ကြောက်ရတာကြောင့် ခု လင်းသန့်ကြည်နယ်ကမေမေတို့ဖွားတို့နဲ့ခဏ ပြန်နေရတယ်။ကြာရင် ဝတ်ရည်လဲ ပင်ပန်းလာမှာစိုးတာကြောင့် မေမေ့ဆီခဏတော့ပြန်နေရတယ်။

မေမေက လင်းသန့်ကြည်ကိုဘာမှမပြောရှာပါဘူး။
အချိန်တန်ပြောပြဖို့လိုအပ်လာရင် လင်းသန့်ကပြောပြမှာဘဲလို့ တွေးတယ်။
ဖွားကတော့ စိတ်ပူရင်း ပျော်နေရှာတာပေါ့။
သူ့မြေးနဲ့ သူမသေခင် အကြာကြီးတူတူနေချင်သေးတာကိုး။
မေမေက လက်ထပ်ဖို့ကိစ္စကို လုံးဝထပ်မပြောတော့ပါဘူး။
ဒါပေမဲ့ တက္ကသိုလ်က အိမ်နားမှာပဲဆိုတော့ ရွှေရည်ဆိုတဲ့ကလေးမကတော့ အဝင်အထွက်ရှိတယ်။ အရင်ကလဲ ဒီလိုပဲနေခဲ့တယ်နဲ့တူပါတယ်။ သိပ်တော့မစိမ်းဘူး။ လင်းသန့်ကြည်ရောက်လာမှ အဝင်အထွက်စိပ်လာတာမဟုတ်ဘူးလို့ ပြောချင်တာပါ။
အနေအထိုင်လဲ ပေါ့ပေါ့ပါးပါးရှိပါတယ်။
လင်းသန့်ကြည်က အခန်းထဲကနေ အပြင်သိပ်မထွက်တာကြောင့် အသံကြားမိပေမဲ့ လူချင်းတွေ့ခဲပါတယ်။ တွေ့ခဲ့ရင်လဲ သူကပဲနှုတ်ဆက် ပြုံးပြနဲ့ပုံမှန်လိုပါပဲ။

ပုံမမှန်တာက လင်းသန့်ကြည်ပါ။
ကလေးမက အေးအေးဆေးဆေးပဲနေတတ်သလိုလေးနေတာကိုပဲ မောင့်ကိုအရမ်းသတိရစေတယ်။
မောင် ပြောခဲ့သလိုပဲ...မိန်းကလေးတစ်ယောက်ရှိသင့်တဲ့အရည်အချင်းပြည့်စုံနေတာပဲ။
ကလေးမက အဆင်ပြေတယ်လို့ချီးကျူးခဲ့တာလဲ ဟုတ်နေတာပဲ။
ဒါပေမဲ့ မောင်ရေ....ဒီကလေးမကိုမြင်နေတွေ့နေတာကိုတောင် မောင့်ကိုပဲသတိရမိ မောင့်ကိုပဲလွမ်းနေရတာကို ဘယ်လိုလုပ်ရပါ့မလဲ...ဟင်။
နေရာတိုင်းမှာ မောင့်ခြေရာ...
နေရာတိုင်းမှာ မောင့်အရိပ်...
နေရာတိုင်းမှာ မောင့်စကား...
နေရာတိုငိးမှာ မောင့်အထိအတွေ့..
နေရာတိုင်းမှာ မောင့်အသံ... ဒါတွေပဲသိတယ် မောင်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now