အကြင်နာ ဝေမျှခြင်း♥

9.6K 701 60
                                    

Unicode

ဘဂျမ်း ကိတ်မုန့်ဖုတ်နေတယ်။
မီးဖိုခန်းထဲမှာ တစ်နေကုန် ကြိုးစားပြီးကလိနေတာ... အဆင်တော့ မချောသေးဘူး။

ဒီနေ့.... ငယ်ထွေးမွေးနေ့...
ဂျူတီရှိနေတဲ့ ငယ်ထွေးက မနက်စောစော ဘုရားရှိခိုး အမေတွေကိုလဲကန်တော့ ပြီးတာနဲ့ ဆေးရုံကိုသွားပြီ။

သူ့သားနှစ်ကောင် နိုးလာတော့ ဘဂျမ်းပဲရှိတယ်။
ငယ်ထွေးက မူကြိုတက်ပြီဆို အကျင့်ဖြစ်ဖို့အတွက် အိမ်သာဝင်တာတွေ သွားတိုက်တာတွေကို သူ့သားတွေကို training ပေးပြီးသားပဲ။

နေ့ထူးနဲ့ နေ့မြတ် မူကြိုတက်နေကြပြီ။
တစ်ယောက်က kindergarten....
တစ်ယောက်က pre...

မိုးလင်းရင် သူတို့ကိုယ်တိုင် ကိုယ်လက်သန့်စင်တယ်။
ဘေးက လူကြီးကစောင့်ကြည့်နေပေးရုံပဲ။
သူတို့အားလုံး လုပ်တတ်ကြပြီ။
သူ့ပါပါးက မရဘူးဆိုတာမရှိရဘူး.... သင်တယ်။

တစ်အိမ်လုံး နေ့ထူးနဲ့နေ့မြတ်အတွက်ဆို လုပ်ပေးချင်သူတွေချည်းပဲ။
ဒီလိုသာဖြင့် ဒီကလေးတွေ အပါးခိုတတ်ကုန်လိမ့်မယ်။
ဒါကြောင့် လုပ်တတ်အောင် လုပ်ရမယ်။
နိုင်ရာအလုပ်ကို တစ်နိုင်လေးလုပ်ခိုင်းတယ် သင်တယ်။
မောင့်ငယ်ထွေးရဲ့ စနစ်ကျမှုမှာ ကလေးတွေ အသားကျနေပြီ။
ဖြူမဲညီနောင် အပိုးကိုကျိုးလို့ပါပဲ။
သူဌေးသားတွေက ပျက်စီးတတ်တယ်ဆိုတာ ငယ်ထွေးလက်သုံးစကား.... ဒါကြောင့် သူ့သားတွေကို လိုတာထက်ပိုပြီး အလိုလိုက်သူ ရန်သူပဲ။

ဘဂျမ်းက ကိုယ်ငယ်ငယ်က မနေခဲ့ မစားခဲ့ရတဲ့ အနေအစား ကိုယ့်သားတွေကို ပုံပြီးပေးချင်တယ်။
လက်ညှိုးညွှန်ရာ ရွှေဖြစ်စေချင်တယ်။
လိုတိုင်းတ ရ စေချင်တယ်။
ဒါပေမဲ့ အလိုမလိုက်ရဲဘူး.... ငယ်ထွေးရန်သူအဖြစ်ခံပြီးတော့ ဒီကောင်တွေကို ဖေဖေဘဂျမ်းက အလိုလိုက်ပါ့မလားလို့.... နော်။
အလကား နောက်တာပါ။
ငယ်ထွေးပြောတာ မှန်တယ်လေ.... ဒါကြောင့် သိပ်ပြီးအလိုမလိုက်ပါဘူး။
အသုံးအဆောင်ကအစ သူမတူအောင်ထားပေးပေမဲ့ စည်းကမ်းရှိဖို့တော့သင်ရတယ်။
အိမ်မှာ သူတို့အတွက်အလုပ်သမားတွေ အများကြီးရှိပေမဲ့ ဆိုးတာ အနိုင်ကျင့်တာတွေ လုံးဝလုပ်လို့မရအောင် တားမြစ်ထားတယ်။
ဒါကြောင့် နေ့ထူးနဲ့နေ့မြတ်က သူဌေးသားဆိုပေမဲ့ ခစျ်စရာကောင်းတယ်။ လူကို လူလို့ပဲ မြင်ပြီး ကြီးသူကိုရိုသေရမယ်ဆိုတာ ဒီကလေးတွေသိတယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now