စတော်ဘယ်ရီ ချယ်ရီ♥
ည... နက်လာပြီ။
မေမေလဲ အိပ်သွားပြီ။
မောင်နဲ့ တူတူထိုင်ရင်း မောင့်ပုခုံးပေါ် ခေါင်းလေးမှီပြီး စကားပြောနေကြတုန်း..."ငယ်ထွေးက...မောင့်ကို ရှာနေရတာ ပင်ပန်းသွားပြီပေါ့..."
"ပင် ပန်း တယ်...ဒါပေမဲ့အခု ငယ်ပျော်နေရပြီလေ"
"မောင်...သနားလိုက်တာ...မောင် ထားခဲ့ချင်လို့ထားခဲ့ရတာမဟုတ်ပါဘူး"
"ငယ်သိပါတယ်...မောင် စိတ်မကောင်းမဖြစ်နဲ့တော့...မေမေ့သဘောထားလဲ မောင်သိပြီပဲ...ငယ့်ကိုမထားခဲ့နဲ့တော့နော်"
"မောင့်ကို အဲ့စကားပြောနေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ ငယ်ထွေးရယ်"
"ဟင့်အင်း...မသိဘူး...ငယ်ကြောက်တယ်...မောင်နဲ့မခွဲနိုင်တော့ဘူး"
"မောင်လဲ မခွဲနိုင်ပါဘူး ငယ်ထွေးရယ်"
"မောင်အဲ့လောက် ဝေးဝေးကြီးသွားမယ် မထင်ထားမိတော့လေ...မောင်ရှိမယ်ထင်တဲ့နေရာပဲ ရှာမိတာ"
"မောင်ကလဲ အိမ်အတွက်ပိုက်ဆံအရေးတကြီးလိုနေတာကိုး...အလုပ်ကိုဖိပြီးလုပ်ရတယ်...ကိုဝင်းအောင်ရော သူဌေးရောကျေးဇူးရှိတယ်"
"အင်း....အခုရော..အလုပ်တွေ မောင်သေချာစီစဥ်ခဲ့ပြီလား"
"စီစဥ်ခဲ့ပေမဲ့...မောင် မရှိရင်တော့...."
"ဟင့်အင်းနော်...မောင် သွားရင်ငယ်လဲ လိုက်မှာ"
"နေရာဒေသကကြမ်းတယ် ငယ်ထွေးရဲ့... ပြီးတော့ဟိုမှာက အိမ်တွေဘာတွေမရှိဘူး....မှော်ထဲမှာအနေအစားက အဆင်မပြေဘူး မောင့်နောက်လိုက်ရင် ငယ်ထွေးပင်ပန်းမှာ"
"မောင့်အနားနေရရင် ဘာမှမဖြစ်ဘူး"
"အစားအသောက်လဲ ဆင်းရဲတယ်...မောင့်အစားပုတ်လေးနဲ့ အဆင်မပြေပါဘူး"
"လိုက်မှာပဲ"
"ပြီးတော့ မောင်ကအလုပ်များတယ်...အဲ့မှာ ယောကျားတွေချည်းပဲ..."
"မောင့်...လုပ်လာပြန်ပြီနော်...ငယ်က ယောကျားမဟုတ်တော့ ဘာလဲလို့..."
"အင်းးးအဟင်း..."
"မရယ်နဲ့နော်...မောင်...ခေါ်မသွားချင်တာ ဘာဖြစ်လို့လဲ...မောင်ကရိုးရောရိုးရဲ့လား"

YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....