နီးကပ်လာသော.... ခြေလှမ်းများ...
ဒီနေ့ညလဲ လင်းသန့်ကြည်နဲ့ဝတ်ရည်တို့ နှစ်ယောက်သား နောက်ကျပြန်သည်။
ပြန်ကာနီး အဖွားတစ်ယောက်ဖျားလို့ လာပြတာကြည့်ပေးရသေးသည်။ အဖွားကအသက်ကြီးပြီဆိုတော့ စိတ်ရှည်လက်ရှည် ပြောပြပေးရ ကုပေးရသည်။
ဝတ်ရည်နှင့် အကူကောင်မလေးက အပြင်မှာ စာရင်းလေးတွေ လုပ်နေချိန် လင်းသန့်ကြည်က အဖွားကို ကုပေးရသည်။
အဖွားက လင်းသန့်ကြည်ကို ချစ်လို့ဆိုပြီး စကားတွေပြောနေတာ မပြီးတော့။ လာပြပေးသည့် အဖွားသမီးကချော့ပြောမှ ပြန်တော့သည်။
လင်းသန့်ကြည်က အိမ်မှာ အဖွားနဲ့နေခဲ့သူ....အဖွားရဲ့အချစ်တုံးမြေးလေးဆိုတော့ အဖွားကို သတိရသွားတော့သည်။
ဆေးခန်းရော ဆေးရုံရောမှာ အလုပ်လုပ်ကြရတာ မကြာသေးတာကြောင့် အိမ်ကိုပြန်ဖို့မစဥ်းစားနိုင်သေး။ ပိတ်ရက်နဲ့ ဂျူတီoff ဆက်တိုက်ရှိရင်တော့မဆိုး။ အိမ်ကိုခဏတော့ပြန်ချင်သေးသည်။ နေ့တိုင်း ဖုန်းဆက်ကြသည်ဆိုသော်လည်း အဖွားကိုရော အမေကိုရောလွမ်းနေပြီ။အားလုံးသိမ်းဆည်းကာ တံခါးပိတ်ပြီး ပြန်လာတော့....ည ရှစ်နာရီကျော်လေပြီ။
နှစ်ယောက်သား....လမ်းမပေါ်ရောက်အောင် လျှောက်လာမိကြသည်။ ရန်ကုန်လူနေမှုကတော့ ညဘက်လဲ မီးရောင်အောက်မှာ လူတွေသွား လာ လှုပ်ရှားကြဆဲ။ ဒါပေမဲ့ ဒီနေ့ အိမ်ကိုပြန်ရောက်ရင် ကိုးခွဲအနည်းဆုံးဖြစ်မှာပဲ။ ဒါတောင် ညဘက်ဆို ကားတွေမပိတ်လို့။
နေ့ဘက်ဆို လမ်းမှာကားပိတ်တာနဲ့ပဲ ကြာနေရောလေ။"လင်းသန့်......"
လင်းသန့်ကြည် ပုခုံးကို သူ့ပုခုံးနဲ့တိုက်ရင်း....ဝတ်ရည်ခေါ်သည်။
"အင်း...."
"Taxi နဲ့ ပြန်ကြမယ်လေ ....ဒီနေ့ပင်ပန်းတယ်မှလား...ဆေးခန်းလူကျတယ်လေ"
"နင်ပေးမှာလား... ကားခက"
"ဘာလို့ပေးရမှာလဲ....."
"မပေးရင် မစီးနဲ့ပေါ့.....မိုးလင်းမှ ထလာရတဲ့ သူကပင်ပန်းနေသေးတယ်...ငါ ပင်ပန်းဖို့လဲ ထားအုံး....."
"ဒါတော့....ကိုယ့်သဘောကိုယ်ဆောင်တာပဲလေ....စေတနာရေစီးကမ်းပြိုလိုက်နေတာကိုး.....မနားနဲ့ပေါ့"

YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....