A/N

18.1K 518 3
                                    

Hello💕
အဝါရောင်အိပ်မက်လေးကို စာလုံးပေါင်းအမှားလေးတွေ ပြင်ချင်လို့ unpublishedလိုက်ပါတယ်။
ဖတ်တဲ့သူတွေ သတိထားမိကြလားတော့မသိပေမယ့်
"အစ်ကို"ဆိုတာကို အလွယ်နည်းနဲ့ အကိုလို့ရေးခဲ့တာတွေ၊ "မျက်မှောင်ကြုတ်"တာကို ကျုံ့လို့တလွဲရေးခဲ့မိတာတွေ၊ "တစ်ခါတလေ"ကို တစ်ခါတစ်လေ၊တခါတလေလို့ မသေမချာပဲ ရေးထားခဲ့မိတာတွေ.. အဲ့ဒါတွေကို ပြန်ပြင်ချင်လို့ပါ။ (ဖတ်နေရင်းတန်းလန်းဖြစ်မှာစိုးလို့ ငါးရက်လောက် ကြိုပြောထားပါသေးတယ်နော်^^)

စစ်ရဦးမှာမလို့ရယ်၊ libraryထဲထည့်ထားတဲ့သူတွေ မျက်စိနောက်မှာစိုးလို့ရယ်ဆိုတော့ တစ်နေ့ကိုတစ်ပိုင်း
(သို့) နှစ်ပိုင်းပဲပြန်တင်ပေးပါ့မယ်။ ​ဖတ်ရတာထောက်နေတဲ့ နေရာလေးတွေလည်း ပြင်ပေးပါ့မယ်။ အရင်accမှာတုန်းကလိုပဲ သီချင်းလေးတွေရော ထည့်ပေးသွားမှာပါ^^ ဖတ်ပြီးသားသူတွေထဲက ပြန်ဖတ်ချင်တဲ့သူတွေရော၊ မဖတ်ရသေးတဲ့သူတွေရော... ongoingပြန်လိုက်ပေးတဲ့သူရှိရင်တော့ ​အကြီးကြီးပျော်မိမှာပါ💕

နောက်ပြီး ပြန်ပြင်တာကလေ စာအုပ်ထုတ်ဖို့ဘာညာအတွက် လုံးဝမဟုတ်ပါဘူးနော်။ စာအုပ်ထုတ်မှာလား၊ သိမ်းချင်တယ် စသဖြင့် လာမေးကြတဲ့သူတွေရှိလို့ ​ကြုံတုန်းလေး ပြောပြထားတာပါ။ ကျွန်တော် ပထမဆုံးရေးဖြစ်ခဲ့တဲ့ "အဝါရောင်အိပ်မက်"လေးကို ကျွန်တော်ကိုယ်တိုင်လည်း အရမ်းမြတ်နိုးပါတယ်။ ဒါပေမယ့် စာအုပ်ထုတ်ပြီး ရောင်းဖို့အထိတော့ အဆင်မပြေဘူးလို့ထင်ပါတယ်။ ဘာဗဟုသုတ၊ ဘာအရည်အချင်းမှမရှိတဲ့ အသက်၁၉၊၂၀အရွယ် လူငယ်လေးတစ်ယောက် wattpadမှာ အပျင်းပြေ၊အပျော်တမ်းရေးခဲ့တဲ့ ကလေးကလားဇာတ်လမ်းလေးမလို့ ဝယ်သိမ်းမယ့်သူတွေအတွက်လည်း စာအုပ်မြင်ခါစမှာရတဲ့ အပျော်လေးအပြင် တခြားဘာအကျိုးမှ မရှိနိုင်ဘူးလို့ တွေးမိလို့ပါ။

wattpadမှာ အမြဲတင်ပေးထားမှာပါ။
ဖတ်ချင်တဲ့သူတစ်​ယောက်ရှိသရွေ့၊ ကြိုက်နှစ်သက်တဲ့သူ
တစ်​ယောက်ရှိသရွေ့ အရင်wp accဟောင်းလိုမျိုး ဒီaccထပ်ပျက်ခဲ့ရင်လည်း နောက်accသစ်ဖွင့်ပြီး ပြန်တင်ပေးသွားပါ့မယ်💕

အဝါရောင်အိပ်မက် (completed)Where stories live. Discover now