အခန်း-၆၄

1.6K 118 9
                                    

[Zawgyi]

ပုံရိပ်ဆီဖုန်းခေါ်ပြီး တွေ့ဖို့မှာထားတာမို့ ကျောင်းဆင်းဆင်းချင်း ချိန်းထားသည့်ဆိုင်သို့ မင်းခ
လာခဲ့လိုက်သည်။

ဝီရိယကောင်းသည့် ပုံရိပ်ကတော့ ဆိုင်တွင်ရောက်နှင့်နေပြီ။
မင်းခက ပုံရိပ်ထိုင်နေသည့်ဘေး၌ ဝင်ထိုင်လိုက်ပြီး..

"အရိပ်ရောက်နေတာ ကြာပြီလား"

"ဗျာ.. သိပ်မကြာသေးပါဘူး"

မင်းခအသံကြားမှ အတွေးများနေရာက သတိပြန်ဝင်သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို သတိမထားမိခင်မှာပင် မင်းခ၏အမေးအား နှုတ်ကပြန်ဖြေပြီးနေပြီ။

တကယ်က ပုံရိပ်စောင့်နေတာ အတော်ကြာပြီ။ တိတိကျကျပြောရလျှင် မင်းခ၏ဖုန်းဝင်လာပြီးကတည်းက။
မင်းခက သူကျောင်းဆင်းချိန်ဟု ပြောသော်လည်း
အရမ်းတွေ့ချင်နေသည့် ပုံရိပ်က ဝီရိယကောင်းစွာ မင်းခဖုန်းချပြီးတာနှင့် အိမ်ကထွက်လာခဲ့ခြင်းပင်။

မင်းခက waiterတစ်ဦးကိုခေါ်ကာ စားသောက်စရာများကို အရင်မှာလိုက်သည်။ ပြီးမှ ပုံရိပ်ကို အာရုံပြန်စိုက်ရင်း...

"ဇာနည်ရော"

"ဇာနည်က ကိုခနဲ့တွေ့ရမှာကို ကြောက်လို့လားမသိဘူး။ ဗိုက်နာချင်ယောင်ဆောင်ပြီး နေကျန်ခဲ့တယ်။
သူ့ကိုစောင့်နေရင် ကိုခကိုတွေ့ဖို့ ကြာနေမှာစိုးလို့
ကျွန်တော် တစ်ယောက်တည်း ထွက်လာတာ"

"သြော်...."

"ဘာကိစ္စ ပြောဖို့လဲဟင်? ကိုခက အခုလိုမျိုး တစ်ခါမှ
မချိန်းဖူးတော့.. အရေးကြီးကိစ္စတစ်ခုခု ရှိနေလို့လား။"

"အင်းး ဆိုပါတော့။ အရေးမကြီးဘူးလို့ ထင်ရပေမယ့် အရေးကြီးတယ်"

?

မင်းခဘာပြောမည်ကို မသိသော်လည်း ပုံရိပ်ကတော့
စိတ်လှုပ်ရှားနေသည်။ ကောင်းတာပဲဖြစ်ဖြစ်၊
ဆိုးတာပဲဖြစ်ဖြစ်... တကူးတကတွေ့ဖို့ခေါ်ပြီး ပြောကတည်းက မင်းခအတွက် အရေးကြီးသည့်ကိစ္စ​တော့ ဖြစ်လိမ့်မည်ထင်၏။ သူ့ကိုအရေးတယူပြောပြတာမို့
သူက မင်းခ၏အရေးပါသူတစ်ယောက်လို့လည်း ခံစားရပြီး
ပျော်နေမိသည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now