အခန်း-၄၂

1.7K 147 10
                                    

[Zawgyi]

ဆေးရုံသာ တက်နေရသည်။ လူနာစောင့်ရယ်လို့ ပုံရိပ်မှာမရှိ။ ဒရိုင်ဘာဦးလေးကလည်း ဒရိုင်ဘာပီသလွန်းစွာဖြင့် ကားမောင်းတာတစ်ခုပဲတတ်ပုံရသည်။ လူနာရှင်တစ်ယောက် ဆောင်ရွက်ပေးရမည့် တခြားကိစ္စအဝဝတို့ကိုတော့ ပုံရိပ်ကိုယ်တိုင် လုပ်ရင်လုပ်၊ ဒါမှမဟုတ် ကိုကျော်စွာတို့မောင်နှမလာမှ လုပ်ရသည်။

သို့ပေမယ့်လည်း ဆရာဝန်မောင်နှမနှစ်ယောက်က သူတို့အလုပ်နှင့်သူတို့တောင် အားလပ်ချိန်သိပ်မရှိတာမို့
သူစိမ်းတစ်ယောက်သာဖြစ်သည့် ပုံရိပ်အတွက် အချိန်အများကြီး ဖဲ့ပေးနိုင်တာမျိုးတော့မဟုတ်။

အသက်တွေကြီးလာ၍ အလုပ်တာဝန်တွေများလာလေ... စိတ်သာရှိ၍ ကိုယ်ကလိုက်လုပ်ဖြစ်ဖို့ မလွယ်သည့်ကိစ္စတွေ ပိုများလာလေသာ။ ပုံရိပ်ကိုခင်ကြသော်လည်း လက်တွေ့မှာတော့ ကိုယ့်အလုပ်​တွေနှင့်ကိုယ်မို့ ဆေးရုံတတ်နေသည့် ပုံရိပ်ထံ တစ်နေ့ကိုတစ်ခေါက် နာရီဝက်၊တစ်နာရီလောက် လာတွေ့ရုံသာ အချိန်ရကြသည်။

ဘေးပတ်ပတ်လည်တွင် အဖြူရောင်နံရံများသာ ဝန်းရံထားသည့် ဆေးရုံခန်းလေးထဲ၌ အချိန်ပြည့်နီးပါး ဖုန်းကိုကြည့်ပြီး တဟီးဟီးတဟားဟားလုပ်နေတတ်သည့် လူနာကိုဂရုမစိုက်သော male nurseတစ်ယောက်နှင့် ထုတ်လွှင့်ပြီးသား အစီအစဉ်များကိုသာ ထပ်ခါတလဲလဲ ပြန်ပြနေတတ်သည့် TVတစ်လုံးတို့က ပုံရိပ်၏ အထီးကျန်မှုများအား စက္ကန့်ပိုင်းလောက်သော်မျှ မပြေပျောက်စေနိုင်။

"ပုံရိပ် နိုးနေတာလား"

အခန်းတံခါးဖွင့်လိုက်သည့် အသံနှင့်တဆက်တည်း ကြားလိုက်ရသည့် ကဗျာဦး၏ စကားသံကြောင့်
ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကိုငေးနေရာမှ ပုံရိပ်လှည့်ုကြည့်လိုက်သည်။

"ဟုတ်ကဲ့ အစ်မ"

"နေသာရဲ့လား။ ရင်တွေဘာတွေတုန်၊ အန်ချင်တာမျိုးရော ရှိသေးလား။ မျက်နှာကတော့ မအမ်းတော့ပါဘူး"

"ဟုတ်ကဲ့ သက်သာပါတယ်"

"အင်းး အစ်ကိုကြီးကတောင် အံ့သြနေတာ။ ကလောက လာတဲ့နေ့ကတောင် အဆင်ပြေနေသေးရဲ့သားနဲ့
အိမ်မှာနားနေရင်းကျမှ မူးလဲသွားတာဆိုတော့"

အဝါရောင်အိပ်မက် (completed)Where stories live. Discover now