အခန်း-၁၂

2.3K 202 15
                                    

[Zawgyi]

ဒီနေ့ကကျောင်းပိတ်ရက်၊ တနင်္ဂနွေနေ့။
အတိအကျအားဖြင့် ပုံရိပ်ကို အိမ်လိုက်ပို့ခဲ့သည့်ညပြီးနောက် ရှစ်ရက်မြောက်နေ့ဖြစ်သည်။ 

ပုံရိပ်နေကောင်းပြီလား သိချင်၍ ပုံရိပ်၏အိမ်ဖုန်းကို မင်းခ ခေါ်ကြည့်သေးသည်။ ပုံရိပ်ကဖုန်းမကိုင်။ ထို့ကြောင့်ပင်
မင်းခ စိတ်ပူနေမိခြင်း။

"အကိုလေး"

"ဘာလဲ"

"ဟို..."

ခွင့်တောင်းကြည့်ရမလား။
ပုံရိပ်ကိုသတင်းမေးဖို့ ခိုးကြောင်ခိုးဝှက် သွားမှာထက်စာရင် ပွင့်ပွင့်လင်းလင်း ခွင့်တောင်းကြည့်တာက ပိုကောင်းမည်ထင်သည်။

ကိုကို စိတ်ဆိုးသွားရင်ရော?

ခေါ်တုန်းကခေါ်ပြီးတော့ အတန်ကြာသည့်တိုင်အောင် မင်းခဆီက ဘာအသံမှ ထွက်မလာ၍ သွန်းအုပ်က ထမင်းစားနေရင်းမှ မော့ကြည့်လိုက်သည်။ မင်းခ၏ပုံစံက တစ်စုံတစ်ခုကိုပြောရန် ချီတုံချတုံ ဖြစ်နေသည့်ဟန်။

"ဘာပြောမလို့လဲ။ ပြောလေ"

"ဟိုလေ.. ကျွန်တော် အရိပ်ကို နေကောင်းပြီလား
သွားကြည့်ချင်လို့"

သွန်းအုပ်က ဘာမှပြန်မပြော။ မျက်မှောင်ကြုတ်သွားပြီး  သူ့ကို မျက်လုံးအစုံအဆန်လှန် သေချာကြည့်နေပုံက သူနာကျင်အောင်ထိုးနှက်ဖို့ စကားလုံးပြင်းပြင်းတွေ စဉ်းစားရွေးချယ်နေသလို ခံစားလာရသည်။
အမှတ်မရှိသည့် သူ့ကို ကိုကိုစိတ်ဆိုးသွားလောက်ပြီမလား။ 

အရဲစွန့်ပြီးသာ ပြောကြည့်လိုက်ရပေမယ့် ကိုကို ခွင့်ပြုမယ်လို့လည်း သိပ်တော့မမျှော်လင့်ထားခဲ့ပါ။
ဒါပေမယ့် ကိုကိုမသိအောင် ခိုးသွားသည့်လုပ်ရပ်မျိုးကိုလည်း သူကမလုပ်ချင်ပြန်ပေ။ ၉၉ရာခိုင်နှုန်းက ကိုကိုခွင့်မပြုတာ ဖြစ်မယ်ဆိုရင်တောင် ကျန်၁ ရာခိုင်နှုန်းကို လောင်းကြေးထပ်ပြီး ခွင့်တောင်းမိလိုက်ခြင်းဖြစ်သည်။ သူကမှ ပူပူနွေးနွေးရထားသည့် ထိုညီလေးကို ဥပေက္ခာပြုမထားရက်ပဲလေ။

ဘယ်ဘဝကရေစက်ကြောင့်ရယ်မသိ။ မြင်စသိစကတည်းက အရိပ်ကို ညီငယ်လေးတစ်ယောက်ကဲ့သို့ သံယောဇဉ်ဖြစ်မိသည်။ ထိုညီငယ်လေးအား ကိုယ်က တတ်စွမ်းသ၍ စောင့်ရှောက်ပေးချင်မိ၏။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now