အခန်း-၅၃

1.6K 111 13
                                    

[Zawgyi]

[Loon Moe Thar's.......]

အသက်ခြောက်နှစ်အရွယ်...

"ဟဲ့! ကြည့်စမ်းး ကြည့်စမ်းး အဲ့ကောင်မပေါ့.. ဟိုတစ်ခါ ငါပြောပြတဲ့ သူဌေးတစ်ယောက်ရဲ့ မယားငယ်ဆိုတာလေ"

"ဟယ်.. မထင်ရဘူးနော်။ ရုပ်ကလေးကြည့်ပြီး
အေးအေးဆေးဆေးလေး ထင်နေတာ။ လက်စသတ်တော့ ကုပ်ကမြင်းဖြစ်နေတာပဲ"

"အမလေးအေ.. ပိုင်းလုံးမပါ။ အဲ့သူဌေးရဲ့ညီမနဲ့ဆိုရင် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေတဲ့။ အခုတော့ ဒင်းဘာတတ်နိုင်မလဲ။ ဟိုက သူ့မယားကြီးနဲ့
သူ့တရားဝင်ကလေးတွေကိုပဲ ရွေးမှာပေါ့။ ကိုယ့်ရုပ်က လှတပတလေး.. လင်ကောင်းသားကောင်းရှာယူလည်း ရနိုင်ရဲ့သားနဲ့ သူများလင်ကို သွားမြှူစွယ်တော့ ဝဋ်ကချက်ချင်းလည်တာပဲလေ။ အခု သူ့မှာဘာအကျိုးရှိလဲ။ ကလေးတစ်ကောင်ကို လင်ကောင်မပေါ်ဘဲ မွေးလိုက်ရတော့ေ-ာက်ရှက်ကွဲကုန်တာပဲရှိတယ်"

"အေးဟယ်.. စိတ်ပျက်စရာကောင်းလိုက်တာ"

~~~

အတိုင်းသား ကြားနေရသည့် အတင်းအဖျင်းစကားသံများကို မကြားသလိုလျစ်လျူရှုရင်း မြသား ထိုကုန်စုံဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။ စိတ်ထဲမှာတော့ မကြည်။

လူတွေဟာ ကိုယ်နှင့်လုံးလုံးမသက်ဆိုင်သည့် ကိစ္စများကိုလည်း အားအားယားယားဖြင့် ပြန်လည်ဖောက်သည်ချ အာချောင်ရခြင်းကို အတော်လေးခံတွင်းတွေ့ကြပုံရ၏။

-

-

စိတ်တိုနေပုံရသည့် မေမေက အိမ်ထဲသို့ ခြေလှမ်းကျဲများဖြင့် ပြန်ဝင်လာသည်။ ထရံမှာတပ်ထားသည့် ဝါးစင်ပေါ်က စားပွဲတင်နာရီသေးသေးလေးကို လှမ်းကြည့်လိုက်တော့ နေ့လည်နှစ်နာရီ။

ဒီနေ့လည်း မေမေ ဈေးကပြန်လာတာ နောက်ကျ၏။ ဗိုက်ဆာလွန်း၍ ဗိုက်ထဲမှာ တဂွီဂွီတဂွမ်ဂွမ်မြည်နေပြီ။
သို့သော်လည်း အခုချိန် သူဗိုက်ဆာနေသည့်အကြောင်း သွားပြောမိလျှင် မေမေက ပိုပြီးစိတ်တိုသွားလိမ့်မည်။

အရေးမကြီးသည့် သူ့ကိစ္စကို မပြောတော့ဘဲ
ရေတစ်ခွက်အမြန်ပြေးခပ်လိုက်သည်။ အသက်ရှုသံပြင်းပြင်းနှင့် စိတ်တိုနေသည့် မြသား၏အနား မိုးသားလေးက မရဲတရဲ တိုးကပ်သွားလိုက်ရင်း...

အဝါရောင်အိပ်မက် (completed)Where stories live. Discover now