အခန်း-၅၈

1.6K 124 5
                                    

[Zawgyi]

ညဆယ့်နှစ်နာရီ....

အိပ်သင့်သည့်အချိန်တစ်ခု ရောက်နေပြီဖြစ်သော်လည်း ပုံရိပ်ကတော့ အိပ်ဖို့အစီအစဉ်မရှိသေး။ မီးမဖွင့်ထားသည့် မှောင်မည်းမည်းအခန်းထဲ၌သာ ဒူးနှစ်လုံးပိုက်၍
ငူငူငိုင်ငိုင်ထိုင်နေဆဲပင်။

ဦးကျော်က ရဲစခန်းမှာ ကိုယ်တိုင်သွားပြီး အပြစ်ဝန်ခံလိုက်ပြီတဲ့။ သူ့နာမည်ကိုထိန်ချန်ပြီး အပြစ်တွေအားလုံးအတွက် ဦးကျော်က သူတစ်ယောက်တည်း ခေါင်းခံပေးသွားသည်။
ထိုသတင်းကိုကြားပြီးကတည်းက ပုံရိပ် ဒီပုံစံအတိုင်း ထိုင်နေမိတော့တာ။

ဝမ်းနည်းသွားတာလား၊ ပျော်နေတာလား သူ့ကိုယ်သူလည်း သေချာမသိ။ လူကသာ မလှုပ်မယှက်ထိုင်နေသော်လည်း အတွေးတွေက တောင်ရောက်မြောက်ရောက်။

တွေးနေမိသည့် ​ရောက်တက်ရာရာတွေထဲ
အတိတ်တုန်းက အကြောင်းအရာတွေလည်းပါသည်။ ပစ္စုပ္ပန်က အခြေအနေတွေလည်း ပါသည်။ အနာဂတ်မှာ ဖြစ်ချင်သည့် မျှော်လင့်ချက်တို့လည်းပါသလို
အတိတ်၊အနာဂတ်နှင့် ပစ္စုပ္ပန်အားလုံးတို့၌ မင်းခကလည်း မဖြစ်မနေပါဝင်နေသည်။

အတွေးတွေထဲမှာ ကေးကေးလေးလည်းပါသည်။ ကေးကေးလေးအကြောင်းတွေးမိတော့ အသက်ရှုကြပ်လာ၏။  'ကိုကို လာတွေ့ပေးပါလား'ဟူသည့် သူ့ညီမလေး၏ တောင်းဆိုမှုကို ပုံရိပ်မဖြည့်ဆည်းပေးလိုက်နိုင်ခဲ့။

ဦးကျော်ကလည်း ကေးကေး ဆုံးသွားခါမှသာ အသိလှမ်းပေးသည်။ ထိုနေ့ကဆိုလျှင် ပုံရိပ်တစ်ယောက် ရုပ်သေးကြိုးပျက်။ ရန်ကုန်သို့ ဆေးခန်းပြရန်လာပြီးမှ ဆေးရုံရောက်သွားရသည်အထိ။ ကိုကျော်စွာတို့ကတောင် တအံ့တသြဖြစ်ကြသေးသည်။

အဲ့တုန်းကတော့ ကေးကေးအတွက် သူ
ဝမ်းနည်းခဲ့သည်ထင်သည်။ အခုကတော့ ဦးကျော်အတွက် သူ ဝမ်းနည်းမနေမိဘူးထင်၏။ သူ မငိုဖြစ်။

တစ်ချက်တစ်ချက် ရင်ဘက်ထဲကအောင့်ပြီး မောလာတာကတော့ သူဖြစ်နေကျမို့ ဒီအတိုင်းဖြစ်နေတာဟု သတ်မှတ်လိုက်သည်။ ဦးကျော်နှင့်မဆိုင်သလို ဦးကျော်အတွက်လည်း စိတ်မကောင်းလုံးဝမဖြစ်တာ သေချာပါသည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now