အခန်း-၁၅

2.3K 191 9
                                    

[Zawgyi]

"ရပြီ"

သူ့ကိုဖက်တွယ်ထားသည့် ကိုကို့ရဲ့လက်များက
သူ့ခန္ဓာကိုယ်ကနေ ပြန်လည်ဖယ်ခွါသွားပြီ။
ဆက်၍ ပွေ့ဖက်ပေးထားချင်သေးသော်လည်း အခုလို
ကိုကို ဝမ်းနည်းနေသည့်အချိန်မျိုးမှာ အနည်းငယ်မျှပင် ကလန်ကဆန်မပြုချင်။

ဖက်ထားရာမှ လွှတ်ပေးလိုက်တော့ နောက်သို့ ​ခြေနှစ်လှမ်းလောက် ဆုတ်သွားပြီး...

"ကျေးဇူးပဲ"

"ရပါတယ်"

မျက်နှာတည်တည်လေးက ဝမ်းနည်းမှုတွေကို
ဖုံးကွယ်ပစ်လိုက်ပြန်ပြီလား။ သို့သော်ငြား
အောက်သို့ငုံ့စိုက်ကြည့်နေသည့် မျက်ဝန်းတို့ကတော့ မှုန်မှိုင်းနေသည်။ မာနကြီးသည့်သူမို့ သူ့မျက်ရည်များကို အချိန်ကြာကြာ အမြင်ခံချင်ပုံမပေါ်။

သွန်းအုပ်က အခန်းထဲရှိ ဆိုဖာခုံပေါ်တွင် ထိုင်ချလိုက်သည်။
မင်းခကလည်း အနောက်မှလိုက်ဝင်သွားကာ
သွန်းအုပ်၏ဘေးတွင် ဝင်ထိုင်လိုက်၏။

ပုံမှန်ဆိုလျှင် တန်းတူမထိုင်နိုင်ဘူး၊ တန်းတူမစားနိုင်ဘူးနှင့်  ထိုမာနရှင်က စိတ်မထင်ရင်မထင်သလို ကဂျီကဂျောင်များဦးမည် ဖြစ်သော်လည်း ယခုမူ သတိထားမိပုံပင်မပေါ်။ စိတ်နှင့်လူမကပ်မှန်းသိသာစွာ အောက်သို့ငုံ့ထားသည့် မျက်ဝန်းတို့၏အကြည့်က ဦးတည်ရာမရှိ။

အငြိမ်မနေသည့် လက်ကလေးများဆီ
အကြည့်ရောက်သွားမိတော့...

ကျစ်စ်! ဘာတွေများဖြစ်နေရတာလဲ။

လက်ချောင်းထိပ်လေးများအား ကိုယ့်လက်သည်းနှင့်ကိုယ် ထိုးဆွနေသဖြင့် သွေးများပင်စို့နေပြီ။

မနာဘူးလား။
ဒါမှမဟုတ်
နာနေတာကို မသိတာလား။

မျက်နှာကသာ ခံစားချက်မရှိသလို တည်ထားသော်လည်း ဂနာမငြိမ်နေသည့် မျက်လုံးများနှင့် တဆွဆွထိုးစိတ်နေသည့် လက်ချောင်းလေးများက စိတ်လှုပ်ရှားနေမှု၏သက်သေ။

"တော်တော့!"

ကိုယ့်အသံကို မကြား၍လား.. လက်ချောင်းလေးများ၏ လှုပ်ရှားနေမှုတို့က ရပ်တန့်မသွားသေး။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now