အခန်း-၁၇

1.9K 179 11
                                    

[Zawgyi]

"ခင်ထွေး"

"အကိုလေး သူ့အခန်းထဲမှာ"

မင်းခက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ကိုယ်က မမေးရသေးခင် ခင်ထွေးက ကြိုဖြေပေးနှင့်နေပြီ။

"ဟဲဟဲ..ညီမလေးက အကြားအမြင်ရနေသလိုပဲ"

ခင်ထွေးက နှာခေါင်းတစ်ချက်ရှုံ့ကာ မင်းခကို
မျက်စောင်းထိုးလိုက်ရင်း...

"အကြားအမြင်ရစရာ မလိုပါဘူး ကိုကြီးမင်းခရယ်။
ကိုကြီး အပြင်ကပြန်လာတာနဲ့ ဒီမေးခွန်းပဲ မရိုးနိုင်အောင်မေးနေတာလေ။ ရိုးဟိုးဟိုးနေပြီ "

ခင်ထွေး၏ ခပ်ရွဲ့ရွဲ့အပြောကြောင့် မင်းခနင်သွားရ၏။

"ထားပါ။ အကိုလေး ဘာလုပ်နေတာမြင်လဲ"

"မသိဘူးလေ။ သမီးတို့ကို အပေါ်တောင်လာခိုင်းတာ
မဟုတ်ဘူး။ ကိုကြီးပဲ သွားလို့ရတာကို။ သွားကြည့်ပေါ့"

"မကြည့်ခင် ကြိုသိချင်လို့မေးပါတယ်ဆိုမှ။
ထမင်းရောစားပြီးပြီလား"

"အခု စားမလို့။ သမီးလည်း ဗိုက်မဆာတာနဲ့
စားဖို့နောက်ကျနေတာ။ အမယ်! တို့ ကိုကြီးမင်းခက ထူးထူးဆန်းဆန်း ထမင်းစားပြီးပြီလား မေးဖော်တွေဘာတွေရလို့"

"ငပေါမ။ နင့်မေးတာမဟုတ်ပါဘူး။ အကိုလေးကိုမေးတာ"

"အမလေးး ။ မစားရသေးဘူး သူလည်း"

"ဘယ်အချိန်ရောက်နေပြီလဲ။ နင်တို့က ဂရုစိုက်မှုကို အားနည်းတယ်။ တကယ် တကယ် ငါမရှိရင် အကိုလေးကို ဂရုစိုက်မယ့်လူကို မရှိဘူး။ ကြီးငွေတို့က လူကြီးမို့ထားတော့။
နင်က ကလေးလေ။ ကိုယ့်အစ်ကိုအရင်းလို သဘောထားပြီး သူ့အချိန်နဲ့သူ စားဖို့သောက်ဖို့ ပြင်ဆင်ပေးမှပေါ့။"

ခင်ထွေး၏ နှုတ်ခမ်းကရှေ့သို့ တစ်တောင်လောက်
ထော်သွားပြီး...

"အမလေးး အမလေးးး အဖြစ်တွေသည်းနေလိုက်ကြတာ! အခုမှ ဆယ့်နှစ်နာရီ ထိုးပြီးရုံပဲရှိသေးတယ်။ ကိုကြီး
ပြန်မလာသေးရင်လည်း အကိုလေးက တမင်းခတည်း မင်းခနေတာ။ ကိုကြီးပြန်ရောက်ရင်လည်း တကိုလေးတည်း ကိုလေးနေပြန်ရော။ ပြောလို့ပြောတာ မဟုတ်ဘူး။ အကိုလေးတို့သာ မိန်းကလေးနဲ့ ယောက်ျားလေးဆိုရင် ကြိုက်နေကြတာ သေချာနေလောက်ပြီ။
အခုကျ ယောက်ျားလေးတွေ ဖြစ်နေတော့ သမီးဘယ်လိုနားလည်ရမလဲပြော"

အဝါရောင်အိပ်မက် (completed)Where stories live. Discover now