အခန်း-၆၆

1.8K 136 39
                                    

[Zawgyi]

"အကို နေမကောင်းဘူး ဆရာ။
မာမားလာပြီး ပြဿနာရှာတော့ ပိုဆိုးသွားတယ်။
ကျွန်တော်က ပြန်လိုက်လာရတာမလို့ အခု အိမ်မှာ အကိုတစ်ယောက်တည်းရယ်။ ဆရာအားရင် ကျေးဇူးပြုပြီး အကို့ကိုသွားကြည့်ပေးပါနော်။
Plz........"

ဖုန်းထဲကိုဝင်လာသည့် ဇာနည့်ဆီမှ messageကြောင့် မင်းခ သက်ပြင်းချမိသည်။ ပုံရိပ်က ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဂရုစိုက်တတ်မှာလဲ။

အခုလောလောဆယ်တွင် သူကလည်း ကဗျာဦးတို့ မောင်နှမကိုကြိုရန် ကားဂိတ်ကြီးဝန်းထဲ ရောက်နေတာမို့ ကြိုပြီးရင်တောင် ပုံရိပ်ရဲ့အိမ်သို့ တန်းသွားလို့မရသေး။ အိမ်မှာ ခဏတဖြုတ်တော့ ဧည့်ဝတ်ပြုရဦးမည်။

အရင်တစ်ခေါက် ကဗျာဦးလာတုန်းကလည်း
သူလုံးဝအိမ်ရှင်မပီသခဲ့။ အခုကတော့ အစ်ကိုကျော်စွာလည်း ပါလာတာမို့ တာဝန်မကျေလို့မ​သင့်​တော်​ပေ။

ring! ring!

"ဟယ်လို.. အကိုတို့ ရောက်ပြီလား"

"အေး.. ညီလေး"

ကိုကျော်စွာဆီက ရောက်ပြီဆိုသည့်အကြောင်း ဖုန်းဝင်လာပြီမို့ ဖုန်းပြန်ဖြေရင်း ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်သည်။

အဝေးပြေးကားပေါ်က အထုပ်အပိုးတို့ဖြင့်
ဆင်းလာသည့် မောင်နှမနှစ်ယောက်။ သူဌေးသားသမီး ဆရာဝန်တွေသာဆိုသည်.. ပုံစံတွေက ဟိတ်ကြီးဟန်ကြီးတော့မရှိ။ သူက လက်လှမ်းပြရင်း အနားသို့သွားကာ ပစ္စည်းတွေကူသယ်ပေးလိုက်တော့ ကိုကျော်စွာက အားနာဟန်ဖြင့်....

"မင်းသူငယ်ချင်းနဲ့ ခရီးသွားရ၊လာရတာ အဆင်မပြေပါဘူးကွာ။ အိမ်ပြောင်းမယ့်အတိုင်းပဲ ခေါင်းအုံးကအစ လျှောက်သယ်လာတာ"

"ကိုကြီးး နင်ငါ့ကိုပဲ ဆူနေတော့မှာလား။ နင့်စာအုပ်တွေချည်း အချိန်တစ်ဆယ်လောက် စီးနေတာလည်း ထည့်ပြောဦး"

"နင့်ပစ္စည်းတွေများနေတာလေဟာ"

"နင်ပဲ ကိုကြီးသယ်ပေးမယ်..ကိုကြီးသယ်ပေးမယ်ဆိုလို့ လိုတာတွေသယ်လာတာလေ"

"ပြောမိလား"

"xxxxxxxxxxxxxxx"

မင်းခကတော့ ဘေးကနေသာ သဘောကျစွာရယ်မိသည်။ မတည့်အတူနေ မောင်နှမနှစ်ယောက်က ထုံးစံမပြတ်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now