အခန်း-၅

3.2K 268 14
                                    

[Zawgyi]

တစ်ညလုံးထလိုက်၊ ထိုင်လိုက်နှင့် ယောက်ယက်ခက်နေသည့် တူတော်မောင်ကို
ဦးသက်လွင် တော်တော်မျက်စိနောက်နေပြီ။

ညဆယ်နာရီထိုး၍ မီးကပိတ်သွားပြီ။ မင်းခက
ခုထိအိပ်ရာထဲသို့ မဝင်သေး။ သက်ပြင်းချလိုက်၊ ခေါင်းခါလိုက်၊ ငုတ်တုတ်ထထိုင်လိုက်၊ အိမ်ရှေ့ပြတင်းပေါက်ကနေ အိမ်ကြီးဆီကို လှမ်းကြည့်လိုက်နှင့် သောကတွေပွေနေသည်။

"ကဲ...မင်းခ မင်းလာမအိပ်သေးဘူးလား။ ခုချိန်ထိ"

"လေးသက်ကလည်း...အကိုလေး သက်သာလား
သွားမေးချင်လို့ပါဆိုတာကို မလိုက်ပို့ဘဲနဲ့.."

မင်းခက ငြူငြူစူစူလေသံနှင့် ပြန်ပြောတော့
ဦးသက်လွင် ပိုပြီးစိတ်တိုချင်သည်။ ဒီကောင်လေးက လူမိုက်နားနီးပြီး အတတ်ကောင်းတွေ တတ်နေတာ။

"မင်းကို ဟိုကလာခိုင်းလို့လား"

"အဲ့ဒါကြောင့် လေးသက်က ​လေးသက်ဘာသာ သတင်းမေးသလိုပုံစံနဲ့ သွားပေးလေ။ သားက လေးသက်နဲ့ အဖော်လိုက်ခဲ့တာလို့ပြောမှာပေါ့"

"ဟာ.. ဟေ့ကောင် အချိန်လည်းကြည့်ဦး။
ဆယ့်တစ်နာရီထိုးတော့မယ်။ ညဦးပိုင်းတုန်းကလည်း သွားမေးပေးပြီးပြီ။ သွန်းလေးက ဆေးသောက်ပြီး အိပ်နေပါတယ်ဆိုကွာ"

ဟူးးးး

ဘယ်နှကြိမ်မြောက်မှန်းမသိသည့် သက်ပြင်းတစ်ချက်ကို မင်းခက မှုတ်ထုတ်ပြန်သည်။ ဦးသက်လွင်ကတော့ မျောက်မီးခဲဖင်ခု ထိုင်မိသလို နေမရ၊ထိုင်မရဖြစ်နေသည့် မင်းခအား စိတ်ပျက်လက်ပျက်ဖြင့်သာ
ကြည့်နေလိုက်တော့၏။

သွန်းလေးကဖြင့် ဒူးတင် နည်းနည်းစုတ်သွားရုံပါ။
ဒါကို မမလေးက ပျာယာခတ်ပြီး ဆရာဝန်ပင့်၊ဘာပင့်နှင့် အဖြစ်သည်းနေခြင်းဖြစ်သည်။ နောက်ပြီး မမလေးထက် ပိုဆိုးနေတာက အိမ်ကကောင်။ သွန်းလေးကိုယ်တိုင်က စိတ်ရှုပ်ပြီး သူ့အခန်းထဲ ဘယ်သူမှဝင်မလာနဲ့တော့လို့ ပြောထားလို့သာ ဦးလေးအနားပြန်လာကပ်တော့၏။
ဒါတောင် အခုချိန်အထိ ဂနာငြိမ်သေးတာမဟုတ်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now