အခန်း-၂

5.5K 375 22
                                    

[Zawgyi]

ဒီနေ့ကစလို့ ကျောင်းအသစ်ကြီးမှာ မင်းခ ကျောင်းသွားတတ်ရတော့မည်။ မနက်စောစောကတည်းကပင် မင်းခလေးက သီချင်းကလေးတငြီးငြီးဖြင့် အလွန်တက်ကြွနေ၏။ ကျောင်းအသစ်မှာ ပထမဆုံးကျောင်းစတတ်ရမည့်နေ့မို့ ပျော်လည်းပျော်သည်။ စိတ်လည်းလှုပ်ရှားနေမိပါသည်။

ကျောင်းအပ်သွားသည့်နေ့တုန်းက ကျောင်းဝင်းကြီးတစ်ခုလုံး နှံ့နေအောင် လေးသက်က လိုက်ပြပေးထားသည်။ တလက်စတည်းနဲ့ သူတတ်ရမည့် စတုတ္ထတန်း (B)ခန်းရှိရာအဆောင်ကိုပါ ရှာပြပေးခဲ့သေး၏။

အိမ်နှင့်ကျောင်းကို သွားရသည့်လမ်းကလည်း ခက်ခက်ခဲခဲမဟုတ်တာမို့ မင်းခကို လေးသက်
လိုက်ပို့/လိုက်ကြိုပေးနေစရာမလိုပါ။ မင်းခကလည်း တစ်ယောက်တည်းကျောင်းသွားဖို့ ကြောက်လန့်နေမည့် ကလေးမျိုးတော့မဟုတ်ပေ။

တကယ်တော့လည်း သူမသွားရဲဘူးဆိုရင်တောင် လေးသက်လည်း ဒီနေ့မနက် အိမ်မှာမရှိ။ ပဲခူးဘက်မှာ
အလုပ်ကိစ္စပေါ်လာတာမို့ ဒေါ်လေးသီရိကို မနက်လေးနာရီခွဲထပြီး လိုက်ပို့ပေးရမည်ဟု ညက
ပြောထားသည်။ မနက်ကတော့ သူ့ကိုနှိုးပြီး နှုတ်ဆက်မသွား။ သူအိပ်ရေးပျက်မှာကို ​လေးသက်က စိုးရိမ်သည်ထင်ပါသည်။

ဟိုဒီတွေးနေရင်း အိမ်ရှေ့တွင်ရပ်ထားသည့်
စက်ဘီးအနီရဲရဲ အသစ်စက်စက်ကလေးဆီ ရုတ်တရက် အကြည့်ရောက်မိသွားတော့ စက်ဘီးလေးကိုကြည့်ရင်း ဘယ်နှကြိမ်မြောက်မှန်းမသိ ပြုံးမိသွားသည်။ ထိုစက်ဘီးလေးက မနေ့တုန်းကမှ ဒေါ်လေးသီရိ ဝယ်ပေးထားတာဖြစ်သည်။

မနေ့က သူတို့တူဝရီးနှစ်ယောက် သူ့ကို ကျောင်းသွားအပ်ဖြစ်ကြသည်။ တစ်ခါတည်း သူလိုနေသည့် ကျောင်းသုံးပစ္စည်းတချို့ကိုပါ ဝင်ဝယ်ခဲ့ကြသေးသည်။

တူဝရီးနှစ်ယောက်သား အပြင်ကနေ ပြန်ရောက်တော့ ခြံထဲမှာ ပန်းပင်များကို ကိုယ်တိုင်ရေဖြန်းနေသည့် ဒေါ်သီရိနှင့်ဆုံသည်။

"ဦးလေးသက်.. ခဏ"

လှမ်းခေါ်လိုက်သည့် ဒေါ်သီရိ၏စကားသံက ချိုသာနေပြီး
မျက်နှာထားကလည်း ကြည်လင်နေတော့  မင်းခမှာ တအံ့တသြဖြစ်ရသည်။

အဝါရောင်အိပ်မက် (completed)Wo Geschichten leben. Entdecke jetzt