အခန်း-၅၄

1.5K 119 0
                                    

[Zawgyi]

"မေမေ သားပြန်လာပြီ"

"....."

စိတ်ချမ်းသာစရာသတင်းမပါသော်ငြား၊ စိတ်နာစရာ အဖြစ်အပျက်များသာ ကြုံခဲ့ရသော်ငြား မိုးသားကတော့ ပျော်ရွှင်နေဟန်သာဆောင်ရင်း အိမ်လေးထဲသို့ ဝင်လာခဲ့သည်။

အိမ်!
အိမ်တော့ မဟုတ်။
သူတို့သားအမိကိုသနား၍ မိုးသားလေး
အချိန်ပိုင်းအလုပ် ကူလုပ်ပေးသည့် အထည်ဆိုင်ပိုင်ရှင် ကြီးကြီးတို့လင်မယားက သူတို့အိမ်အနောက်ဘက်၌ နေထိုင်နိုင်စေရန် သွပ်မိုးအဖီလေး ဆွဲပေးထားခြင်းသာ။

အိမ်ထဲသို့ရောက်သော်လည်း အမေဖြစ်သူအားမတွေ့မိ၍ မိုးသား၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။

မေမေ ဘယ်တွေလျှောက်သွားနေပြန်ပြီလဲ။

စိုးရိမ်စိတ်နှင့် အပြင်သို့ပြန်ပြေးထွက်လာခဲ့သည်။
ဖိနပ်မပါသည်ကိုပင် သတိမထားမိတော့။

မိဘတွေ သားသမီးအပေါ်ဇောကပ်လျှင် မည်၍မည်မျှ ပူလောင်ရသည်ကို မိုးသားမသိ။ အသက်ကိုးနှစ်အရွယ် ကလေးတစ်ဦးသာဖြစ်နေ၍ မိဘတစ်ဦး၏
သားသမီးအပေါ်ထားသည့် ခံစားချက်များအား ကိုယ်ချင်းလည်း မစာနိုင်သေး။

သို့သော်
လောလောဆယ်မှာတော့ သားတစ်ယောက်က အမေဇောကပ်လျှင်တော့ ဘယ်လောက်ပူလောင်ရသည်ကို သူသိနေပြီ။

မေမေ!

လမ်းကြိုလမ်းကြာမကျန် လိုက်ရှာသည်။မတွေ့။

မေမေ!

တခြားရပ်ကွက်များ၌လည်း ရှာကြည့်သည်။မတွေ့။

မေမေ!

ရပ်ကွက်ဘောလုံးကွင်း...

ဘုရားပေါ်...

လမ်းမကြီးများပေါ်...

ဘယ်မှာပဲ လိုက်ရှာရှာ မတွေ့သည့်အပြင် ပြေးလွှားနေရတာမို့ မိုးသားမောပန်းလာသည်။
မောလွန်း၍ ခဏနားမည်ကြံတော့ ခပ်လှမ်းလှမ်းရှိ မြက်ပင်ရိုင်းများအကြား သူရှိရာအရပ်ကို ကျောခိုင်း၍ တရွေ့ရွေ့လျှောက်လှမ်းသွားနေသည့် မေမေ့အား တွေ့လိုက်ရ၏။

ချွေးဒီးဒီးကျနေသည့်အပြင် မောဟိုက်နေသည့်ကြားက
အမေဖြစ်သူကြားလိုကြားငြား အသံကုန်ဟစ်ကာ...

အဝါရောင်အိပ်မက် (completed)Where stories live. Discover now