အခန်း-၂၅

1.7K 141 14
                                    

[Zawgyi]

ခလွမ်!

ပန်းကန်ဆေးနေရင်း အတွေးတို့က မင်းခဆီရောက်သွားတော့ ကဗျာဦး စိတ်တိုကာ ဆေးလက်စပန်းကန်အပေါ် ဒေါသများပုံချပြီး ပေါက်ခွဲလိုက်မိသည်။

"ဘာဖြစ်နေတာလဲ အငယ်မ! ပန်းကန်မဆေးချင်ရင်
ထမင်းမစားနဲ့! တစ်ခါတလေလေး ဆေးခိုင်းတာကို ရိုက်ခွဲနေရလား"

ကဗျာဦး၏အဖေက ထမင်းစားခန်းထဲမှ လှမ်းအော်သည်။ ကပ်စေးကနည်းတတ်သူမို့ ကျကွဲသွားသော ပန်းကန်တစ်ချပ်အတွက် နှမြောသတခြင်းနှင့်အတူ ဒေါသသံအနည်းငယ်ပါရောယှက်သည့် အော်သံနှင့်ဖြစ်၏။
နဂိုကတည်းက စိတ်အခြေအနေမကောင်းသည့်
ကဗျာဦးမှာ အဖေဖြစ်သူ၏ လေသံကြောင့် ပို၍စိတ်မချမ်းမသာဖြစ်သွားရသည်။

"မတော်တဆဖြစ်တာ ပါပါးရေ! ဆူဖို့ချည်း ချောင်းမနေနဲ့! စိတ်ညစ်နေပါတယ်ဆိုမှ"

"သွားမဆူနဲ့ ပါပါး။ ပါပါးသမီး ခွက်ရှ်ပူမိနေတာ"

ကိုကျော်စွာ၏ ခပ်ကျယ်ကျယ်စကားသံကြောင့်
ကဗျာဦး၏ဒေါသက ငယ်ထိပ်ထိတတ်သွားပြီး...

"ကိုကြီး နင့်ပါးစပ်ကြီးပိတ်ထားနော်!! ငါ့ကို
ဒေါသထွက်အောင် လာမလုပ်နဲ့!"

"အငယ်မ နင်အကြီးကို ဘယ်လိုပြန်ပြောနေတာတုန်း။ အသားနာချင်နေပြီလား!"

အဖေက အာကျယ်အာကျယ်နှင့် ထပ်ပြီးဝင်ဆူပြန်တော့ ပါးစပ်မပိတ်လို့မရတော့ပြီ။ သို့သော်ငြား မကျေမနပ်နှင့်။

"ဟွန်း!"

ကဗျာဦး ဆောင့်ကြီးအောင့်ကြီးနှင့် ခြံထဲသို့ဆင်းသွားသည်။
ခြံထဲကခရေပင်အောက်ရှိ အုတ်ခုံ၌ထိုင်ရင်းဖြင့်
မင်းခအကြောင်းကို တကူးတကတွေးပြီးတော့ကို စိတ်တိုနေလိုက်သည်။

ရုတ်တရက်ကြီး မိန်းမယူလိုက်သည့်ကိစ္စက
သာမန်တော့မဖြစ်နိုင်။ အကိုဖြစ်သူပြောပြသည့် အကြောင်းများကိုလည်း အသိစိတ်ကရေ၊ မသိစိတ်ကပါ မယုံကြည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။
ကျောင်းမှာတောင် ဘယ်သူနဲ့မှ အရောတဝင်လည်း မနေခဲ့၊
မိန်းကလေးတွေကိုလည်း စိတ်ဝင်စားပုံတစ်စက်မှမပြတဲ့
လူက ဒီလိုကိစ္စမျိုးကျူးလွန်ခဲ့တယ်ဆိုတာ။ နောက်ပြီး သူမ ထင်ခဲ့တာက မင်းခကြိုက်တာက ဟိုမေတ္တာတုံး သောက်ကြီးသောက်ကျယ်ကောင်ဆိုပြီးတော့လေ။
ဒါကို ဘယ်လိုလုပ်ပြီးတော့!

အဝါရောင်အိပ်မက် (completed)Where stories live. Discover now