အခန်း-၃၈

1.6K 132 9
                                    

[Zawgyi]

စာမေးပွဲနီးတာကိုအကြောင်းပြ၍ ဇာနည်က
မင်းခအိမ်ကနေ မခွါတော့။ စွမ်းထက်ကတော့ သူ့အိမ်မှာလည်း တခြားguideဆရာတစ်ဦးနှင့်
စာကျက်ရ၊တွက်ရသေးတာမို့ ဇာနည့်လိုမျိုး
မင်းခအိမ်မှာ အမြဲတစေကပ်မနေနိုင်။

တခြားတပည့်များကလည်း ဇာနည့်လို'တောက်တဲ့'မဟုတ်တာမို့ စာသင်စရာရှိတာသင်၊ အစမ်းစာမေးပွဲဖြေစရာရှိတာဖြေပြီးလျှင် ကိုယ့်အိမ်ကိုယ် အသီးသီးပြန်သွားကြသည်ချည်းသာ။ ဇာနည်ကတော့ အိမ်ကိုလည်းပိုင်တဲ့သူမို့ စာလုပ်ဖို့ဟူသည့် အကြောင်းပြချက်ကိုပေးကာ မင်းခအိမ်မှာသာ
ညအိပ်ညစား သောင်တင်နေတော့သည်။

သို့သည့်တိုင် အချိန်ရှိသရွေ့ ဇာနည်က
လူရော၊ပါးစပ်ရောအငြိမ်မနေဘဲ ဆရာဖြစ်သူ စိတ်မတိုတိုအောင် စနောက်နေတတ်သည်။ သူ့ဆရာ မင်းခက စိတ်တိုလည်းခဏဆိုတာကို ဇာနည်က ကောင်းကောင်းကြီးသိနေတာကြောင့် မိုးလင်းကမိုးချုပ် မင်းခ၏ အဆူအပူကို မကြာခဏ ကြားခွင့်ရအောင်
လုပ်နေတော့၏။

ဇာနည်က မင်းခအား ဆရာတစ်ယောက်လိုထက် ဆိုးချင်တိုင်းဆိုးလို့ရသည့် အစ်ကိုကြီးတစ်ယောက်လို သဘောထားနေတာကြောင့် ရှိန်နေတာမျိုးလည်းမရှိ။

ဆရာကို မထီလေးစား ပြုမူနေခြင်းမျိုးမဟုတ်ဘဲ ဇာနည့်ဗီဇကိုက ထိုကဲ့သို့ ရွှတ်နောက်နောက်နေတတ်တာကို မင်းခကလည်း နားလည်တာမို့ မကြာခဏ စိတ်တိုဒေါသထွက်အောင် အစခံနေရသော်ငြား
ဇာနည်ကို စိတ်မပျက်မိ။ ဆရာ့တပည့်ဆက်ဆံရေးထက် ညီအစ်ကိုလိုဆက်ဆံရေးပုံစံမျိုး ဖြစ်နေတာကြောင့်လည်း တခြားတပည့်များနှင့်ယှဉ်လျှင် မင်းခက ဇာနည့်အပေါ် ပိုပိုသာသာ သံယောဇဉ်ဖြစ်မိတာကိုတော့ ဝန်ခံရမည်။

ပြောရလျှင်
မင်းခ၏ ထူးခြားသော
မွေးရာပါဇာတာတစ်ခုက
ခပ်ဆိုးဆိုးလူသားများအပေါ်၌
သံယောဇဉ်ပိုတွယ်တတ်ခြင်းဟု
သတ်မှတ်ရမလောက်ပင်။

---------------

"ကိုခရေ.."

ခေါ်သံနှင့်အတူ လူကပါ အိမ်ထဲသို့
ခပ်သွက်သွက်ဝင်လာလိုက်သည်။ မနက်ရှစ်နာရီထိုးနေပြီမို့ ကိုခလည်း ဗိုက်ဆာနေပြီထင်၏။ အိမ်ရှေ့၌ လူရိပ်ကိုမမြင်တော့ အိမ်၏အနောက်ဘက်ထဲသို့ဝင်ကာ ဟိုကြည့်ဒီကြည့်ဖြင့် လိုက်ရှာရန်တွေးမိသည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now