[Zawgyi]
"နေမင်းခ ငါဘယ်လိုနေလဲ။ လှလား ဒီဂါဝန်နဲ့"
"အေးး လှတယ်"
"really? ကျေးဇူးး ကျေးဇူးး"
မင်္ဂလာဆောင်သွားမှာလည်းမဟုတ်ပဲ ပြင်ဆင်လို့မပြီးနိုင်သည့် ကဗျာဦးအား စိတ်ချမ်းသာအောင် ပြောပေးလိုက်ရသည်။ ကဗျာဦးက ကျေနပ်အားရသွား၏။
ပြီးမှ ဘေးဘီဝဲယာကို သတိရသွားသည်။
ဘုရား...ဘုရား
အကြည့်တွေက ကျောချမ်းလိုက်တာ။စိမ်းစိမ်းကားကားကြီး လှမ်းကြည့်နေသည့် သွန်းအုပ်အား မျက်နှာချိုသွေးပြီး ရယ်ပြလိုက်တော့ အရေးမစိုက်သလို တစ်ဖက်ပြန်လှည့်သွား၏။
ဒီကိုကိုကတော့ သဝန်တွေတိုနေပြန်ပြီ။
--------------------
ပုံရိပ်၏အိမ်သို့ ကိုကျော်စွာက မလိုက်လာနိုင်။
လုပ်အားပေးလိုက်ဖို့ရှိတာမို့ ကဗျာဦးနှင့် မင်းခတို့နှစ်ယောက်သာ သွားလိုက်ရသည်။
ပုံရိပ်ရဲ့အိမ်ကိုရောက်တော့ ဝီရိယအကောင်းလွန်နေသည့် ဇာနည်က ရောက်နှင့်နေ၏။ စိတ်မချသည့်သူ့အိမ်က စွမ်းထက်ကိုပါ အပါထည့်လွှတ်လိုက်သေးသည်။"ဦးပိုင်တို့ကလည်း နောက်ကျလိုက်တာ။ ကျွန်တော်တို့က စောင့်နေတာ ကြာလှပြီ"
"ငါတို့ကနောက်ကျတာမဟုတ်ဘူး။ မင်းက စောနေတာ"
သွန်းအုပ်က တုံးတိပြောပြီးတော့ ဧည့်ခန်းထဲမှာသာ
ထိုင်ကျန်ခဲ့သည်။ အိမ်အတွင်းဘက်မှာက တခြားမသိသည့် လူတွေလည်း အနည်းငယ်ရှိနေတာမို့ ဝင်မလိုက်ဖြစ်။ ကြည့်ရတာ ပုံရိပ်ကသူ့အသိမိတ်ဆွေများအား ဖိတ်ကြားပြီး နှုတ်ဆက်ပွဲသဘောမျိုး လုပ်နေပုံရ၏။ခဏကြာတော့ မင်းခက စားဖို့သောက်ဖို့ လာခေါ်သည်။ ပုံရိပ်နှင့် မျက်နှာချင်းမဆိုင်လိုသော်လည်း ဒီနေ့တစ်ရက် သည်းခံပေးလိုက်ပြီးလျှင် အားလုံးအဆင်ပြေသွားမှာမို့ အလိုက်အထိုက်သာ နေပေးလိုက်၏။
-
-
ပုံရိပ်၏အသိမိတ်ဆွေအများစုက မင်းခနှင့်ပုံရိပ်တို့အား
ညီအစ်ကိုလို မြင်နေကြပုံရသည်။ ကလောမှာ
တာဝန်ကျစကတည်းကလည်း မင်းခအကြောင်းက ဟိုလူပြော၊ ဒီလူပြောနှင့် ရေပန်းစားတာမို့ လူချင်းတွေ့သည့်အခိုက် အမိအရမိတ်ဆက်နေကြ၏။
ČTEŠ
အဝါရောင်အိပ်မက် (completed)
Romance(zawgyi & unicode) အိပ်မက်တွေမှာ အရောင်တွေရှိတတ်လား? ခင်ဗျားတို့မြင်မက်နေကျ အိပ်မက်တွေဟာ အရောင်အဆင်းမရှိတာလည်း ဖြစ်နိုင်သလို ဖြူပြာနီဝါရောင်စုံတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ထူးဆန်းတယ်။ ကျွန်တော်ရဲ့အိပ်မက်တွေကိုတော့ အဝါရောင်ကောင်လေးတစ...