အခန်း-၅၂

1.6K 112 2
                                    

[Zawgyi]

တိုးသဲ့သဲ့စကားသံလေးက တဖြည်းဖြည်း
ပိုလို့တိုးဝင်သွားရင်း နောက်ဆုံးမကြားရတော့။
သူ့ခါးကိုဖက်တွယ်ထားသည့် လက်နှစ်ဖက်တို့က ပြုတ်ကျသွားသည်။ ပါးလှပ်လှပ် ခန္ဓာကိုယ်ယဲ့ယဲ့လေးက အရုပ်ကြိုးပြတ်လဲကျသွားတော့မည်ဟု ထင်လိုက်မိတာမို့ အလျင်မီထိန်းပွေ့ထားလိုက်တော့ ထင်သည့်အတိုင်း
ပုံရိပ်က သူ့လက်နှစ်ဖက်ကြား ပြိုဆင်းလာသည်။

ရင်ခွင်ထဲက သတိလစ်မေ့မျောနေသည့် ပုံရိပ်ကို ပွေ့ချီလိုက်ရင်း အိပ်ခန်းရှိရာဆီသို့ ပို့ဆောင်ရန် ပြင်လိုက်သည်။ အံ့သြစရာကောင်းလောက်အောင် ပေါ့ပါးနေသည့်ကိုယ်လေးကြောင့် ဇာနည် သက်ပြင်းသာချမိ၏။ ရေတံခွန်မှာတုန်းကနှင့်ပင် မတူတော့။

့ိသူ့ကိုယ်သူမချစ်သည့် အကိုက ကိုယ့်ကိုယ်ကို ဂရုစိုက်ရကောင်းမှန်းလည်း သိပုံမရ။ သူ့စိတ်သူလည်း ငြိမ်းချမ်းအောင် မထားတတ်။ ရှင်းလင်းနေပြီးသား အရာတွေကို ရှုပ်ထွေးအောင်လုပ်ခဲ့သည့် အကို့ကို ဖြစ်နိုင်လျှင် ရက်ရက်စက်စက် မုန်းပစ်မိချင်သည်။

-------------

"ညီမ.. ကိုယ်တို့ အရိပ်ကို ဆေးရုံပို့ဖို့လိုမလား"

"အခုလောလောဆယ် အခြေအနေကတော့ အဲ့လောက် မလိုသေးပါဘူး။ အအိပ်အစားမမှန်တာရယ်၊ နောက်ပြီး စိတ်ဖိစီးမှုများတာရယ်ကြောင့် ဖြစ်သွားတာမျိုးပါ"

"အရင်ကလည်း ဖြစ်ဖူးတယ်ဆိုပေမယ့် အခုနောက်ပိုင်း ခဏခဏလို မေ့လဲနေတော့တာ။ အခုရက်အတွင်းတောင် တော်တော်ပိန်ကျသွားသလိုပဲ။ အဆင်ပြေပါ့မလား ညီမ။ နောက်ပြီး အခုထိ သတိလည်းရမလာသေးတော့"

"ချက်ချင်းကြီးတော့ ဘာမှမဖြစ်နိုင်ပါဘူး။ ဆေးလည်း သွင်းပေးထားပြီးပြီ။ အခုက အိပ်ပျော်နေတာပါ။ ဆရာက သူကိုယ်တိုင်လာကြည့်ပေးဖို့ လုံးဝမအားသေးလို့ ကျွန်မကို လူနာရဲ့အခြေအနေလေး တစ်ချက်လာကြည့်ခိုင်းနှင့်ရုံပါရှင်။ ညေန ဆရာလာကြည့်မယ့်အချိန်ကျမှ ဆရာနဲ့သေချာ ဆွေးနွေးကြည့်ပါနော်"

ပုံရိပ်ပြနေကျ ဆရာဝန်၏ nurseမေလးက ပုံရိပ် သောက်နေကျဆေးများကို စစ်ပေးနေရင်း မင်းခ၏အမေးကို ဖြေလာသည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now