အခန်း-၄၀

1.9K 128 7
                                    

[Zawgyi]

"စွမ်းထက်"

"ဟုတ်ကဲ့ ဆရာ"

"ဇာနည်နဲ့နှစ်ယောက် အိမ်ကိုပြန်နှင့်။ ဆရာသွားစရာလေး ရှိသေးလို့"

"ဟုတ်ကဲ့"

လက်ထဲသို့ မင်းခကမ်းပေးလာသည့် အိမ်သော့အား စွမ်းထက် စောဒကတတ်နေခြင်းမပြုဘဲ လက်နှစ်ဖက်ဖြင့် တရိုတသေယူလိုက်သည်။ ဆရာ့မျက်နှာမကောင်းတာကြောင့် ဇာနည်ရော၊စွမ်းထက်ပါ စိတ်မကောင်း။

"ဆရာ"

"....."

"ကျွန်တော် အိမ်မှာဆိုင်ကယ်ဝင်ယူပြီး လိုက်ပို့ပေးရမလား ဆရာ။ အဲ့တည်းခိုခန်းက ဒီကနေဆိုရင် နည်းနည်းဝေးတယ်။"

မင်းခ သွားမည့်နေရာကိုသိနေသည့် ဇာနည်က
ပွင့်ပွင့်လင်းလင်းကြီးမေးလာတော့ မင်းခ နည်းနည်းတော့ ဖြေရခက်သွားသည်။

"ရတယ်.. ငါကားပဲငှါးသွားလိုက်တော့မယ်။ အိမ်ပြန်ပြီး စာလုပ်နှင့်"

မင်းခက ပြောအပြီး ဇာနည်တို့အနားမှ ခပ်သုတ်သုတ်ထွက်သွားသည်။ ဇာနည်ကတော့ မင်းခနောက်ကျောကိုကြည့်ရင်းက သက်ပြင်းတချချ။

"ဟေ့ကောင်.. ဇာနည်။ ငါတော့ လိုက်မမီတော့ဘူး။ ဟိုအစ်ကိုကြီးနဲ့ ဆရာနဲ့က အရင်ထဲကသိနေတာလား။ ခုနလေးတုန်းက အဲ့အစ်ကိုကြီးနဲ့ တွေ့တဲ့ကိစ္စ မင်းပြောပြနေကတည်းက ဆရာ တော်တော်မျက်နှာမကောင်းနေတာနော်။ ဟိုအကိုကြီးရှေ့ရောက်တော့ကျ သူမဟုတ်သလိုနဲ့။
ဘာတွေမှန်းလဲ မသိဘူး"

ခပ်တုံးတုံးစွမ်းထက်အား ဇာနည်က စိတ်ရှုပ်သလို
တစ်ချက်ကြည့်လိုက်ရင်း..

"ဥာဏ်မမီရင်လည်း လိုက်စဉ်းစားမနေနဲ့။ တကယ်ပဲ... မင်းက တော်တော်ကို လူကဲခတ်ညံ့တယ်။
အရည်အချင်းမရှိတဲ့ေ-ာက်အ!"

ပြောပြီး ခြေလှမ်းကြဲကြီးများဖြင့် စွမ်းထက်ဘေးကနေ သုတ်ခြေတင်သွားရန်ပြင်သည့် ဇာနည့်အား စွမ်းထက်က ဖမ်းဆွဲထားလိုက်ပြီး...

"ဟေ့ကောင်.. ပြောချင်ရာပြောပြီး ပြေးဖို့မကြံနဲ့ကွ"

"လဒ! နာတယ်... ဟာ.. ဟေ့ကောင်"

အဝါရောင်အိပ်မက် (completed)Where stories live. Discover now