အခန်း-၂၉

1.6K 134 3
                                    

[Zawgyi]

Car accidentက ပြင်းထန်လွန်းတာမို့
ခင်ထွေးနှင့်ဒရိုင်ဘာတို့နှစ်ဦးကတော့ ဆေးရုံရောက်သည်အထိတောင် အသက်မရှင်နိုင်ခဲ့တော့။ accidentဖြစ်သည့်နေရာ၌ပင် နှစ်ဦစလုံး တိမ်းပါးသွားကြရသည်။

ကိုအေးထွန်းကတော့ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု များပြားလွန်းတာကြောင့် ယခုအချိန်ထိ ဆေးရုံပေါ်၌ သတိပြန်လည်မလာသေးပေ။

ဒေါ်ခင်မဟာ၏ကားဒရိုင်ဘာကတော့
ထိခိုက်မှုအပြင်းထန်ဆုံးမို့ မူလအသွင်သဏ္ဍာန်ပင် မပေါ်ချင်တော့။ ထိုလူက မိသားစုမရှိသည့် တစ်ကောင်ကြွက်တစ်မျက်နှာမို့ ဆေးရုံကနေအိမ်ကို ပြန်သယ်မလာတော့ဘဲ ချက်ချင်းပင်မီးသင်္ဂြိုလ်လိုက်သည်။

ခင်ထွေး၏အသက်မဲ့နေပြီဖြစ်သော ရုပ်အလောင်းကိုတော့ သွန်းမဟာစံအိမ်ကြီးဆီသို့ ပြန်လည်သယ်ယူလာခဲ့ကြ၏။
ခင်ထွေး၏အဘွား ကြီးငွေခမျာ တစ်ဦးတည်းသော မြေးမလေးအတွက် ရူးမတတ်ယူကြုံးမရတော့ပေ။ ဒေါ်ခင်မဟာ၊ ဒေါ်သီရိနှင့် ကျန်သည့်အိမ်အကူများ အားလုံးတို့သည်လည်း စိတ်မကောင်းသဖြင့်
မျက်နှာများက မလန်းဆန်းကြချေ။
အိမ်မှာအလုပ်လာလုပ်တာ သိပ်မကြာသေးသော ဦးကျော်ဦးသည်ပင် စိတ်မကောင်း။

ထိုရက်အတွင်း၌ တိုက်ဆိုင်စွာပင်
ဆယ်တန်းအောင်စာရင်းများထွက်သည်။ မင်းခကတော့ ငါးဘာသာဂုဏ်ထူးဖြင့်အောင်၏။ သို့သော်ငြား သူ့တွင်ပျော်ချိန်မရှိ။

ဆေးရုံပေါ်တွင် သတိလစ်မေ့မျောကာ
အသက်လုနေရဆဲဖြစ်သည့် ကိုအေးထွန်းအတွက်ရော၊ တစ်သက်လုံး ပြန်မဆုံနိုင်တော့အောင် ဝေးကွာသွားပြီဖြစ်သည့် ခင်ထွေးလေးအတွက်ပါ ဝမ်းနည်းကာ လူလစ်ရင်လစ်သလို ဦးသက်လွင်၏ ရင်ခွင်ထဲသို့ ကလေးတစ်ယောက်လိုခိုဝင်ရင်း
တအီအီနှင့်သာ ငိုနေမိတော့သည်။ ထိုနှစ်ဦးစလုံးသည် မင်းခ၏ ရှားရှားပါးပါး သံယောဇဉ်တွယ်ခဲ့ရသည့်သူများမို့ မင်းခမှာ ဝမ်းနည်း၍မဆုံးပေ။

မနက်တိုင်း ခြံထဲတွင် တံမြက်စည်းလှဲ၊ ပန်းပင်၊သစ်ပင်များကို ရေလောင်းပေါင်းသင်နေတတ်သည့် ကိုအေးထွန်းကိုလည်း နောက်တစ်ကြိမ် ထိုမြင်ကွင်းမျိုးဖြင့် မြင်တွေ့နိုင်မည်လားမသေချာ။

အဝါရောင်အိပ်မက် (completed)Où les histoires vivent. Découvrez maintenant