အခန်း-၃၁

1.7K 126 3
                                    

[Zawgyi]

[Thoon Oke Soe Paing's.........]

အသက်နှစ်နှစ်ခွဲအရွယ်....

"မေဂျီး..တားတားရို ညီယေးတစ်ထုဝယ်ပေး"

"ညီလေးက ဝယ်လို့မှမရတာသွန်းလေးရဲ့။ ပြီးတော့ တစ်ခုလို့ မပြောရဘူး။ ညီလေးတစ်ယောက်လို့ပြောရတယ်။"

"အာ့ချို..တားတားရို ညီယေးတေးတေးလေးတစ်ယောက် ဝယ်ပေးရို့ရဝူးပေါ့"

" မေကြီး ဗိုက်ထဲမှာ အကြာကြီးသယ်ပြီးမှ မွေးရမှာလေ။ မေကြီးရဲ့ဗိုက်ကြီးက ဖောင်းကားလာမှာ။
သားကမသနားဘူးလား"

သွန်းလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးက စူထော်သွားပြီး...

"တားတားက လိုချင်တာရို"

မဟာစိုး ပြုံးလိုက်သည်။ တီတီတာတာနှင့် စကားတွေများလွန်းသည့် သွန်းလေးက အခုရက်ပိုင်း ထိုစကားတစ်ခွန်းကိုသာ ထပ်တလဲလဲပြောပြီး ပူဆာနေသည်။

"သားတစ်ယောက်တည်းကိုတောင် မေကြီးကချစ်လို့မဝတာ။ နောက်ထပ်ညီလေးတစ်ယောက်မွေးပြီး မေကြီးက ထပ်ချစ်ပေးရဦးမှာလား သွန်းလေးရ"

သွန်းလေး၏နှုတ်ခမ်းက နှာခေါင်းလေးနှင့်ထိမတတ်
ဖြစ်လာသည်။

သုံးနှစ်အရွယ်သွန်းလေး၏ စိတ်ထဲစိုးမိုးနေသည်က အိမ်ကိုမကြာမကြာ လာလည်တတ်သည့်  ဖေကြီး၏သူငယ်ချင်းလင်မယား မိသားစုဖြစ်သည်။ သူတို့၏သားများဖြစ်သည့် ညီအကိုနှစ်ယောက်တွင် တစ်ယောက်က သူနှင့်ရွယ်တူလောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မွေးကင်းပေါက်ကလေးဖြစ်၏။ သူနှင့်ရွယ်တူ အကြီးကောင်လေးက သူ့ညီလေးကို လက်ညှိုးထိုးပြပြီး သူ့အားအိမ်သို့လာတိုင်း ကြွားသွားတတ်သည်။ ထိုသို့ကြွား,ကြွားသွားခြင်းအား သူမကျေနပ်။

အောက်နှုတ်ခမ်းလေးကို ရှေ့သို့ထော်ကာ
ငိုမဲ့မဲ့လေးဖြစ်လာသည်။ သူများမှာကျ ညီလေးရှိပြီး သူ့မှာကျဘာလို့မရှိရတာလဲ။

!!!!!

ရုတ်တရက် နောက်မှသိုင်းဖက်ကာ ပွေ့ချီလိုက်သည့် လက်တစ်စုံကြောင့် သွန်းလေးစိတ်ပြောင်းသွားသည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now