အခန်း-၄၃

1.8K 161 12
                                    

[Zawgyi]

စာရွက်လှန်သံ၊ ဘောပင်ချသံအချို့မှလွဲ၍ ဆိတ်ဆိတ်ငြိမ်နေသော စာမေးပွဲခန်းအတွင်း၌ နံရံဖြူဖြူပေါ်ရှိ တိုင်ကပ်နာရီအဝါရောင်ထံမှ
စက္ကန့်လက်တံတချောက်ချောက်ကသာ တစ်စက္ကန့်ခြားတစ်ခါ ထွက်ပေါ်နေသည်။

ကျောင်းသားအချို့က မေးခွန်းနှင့်အဖြေများအပေါ်တွင်သာ အာရုံစိုက်နေကြပြီး ဘေးပတ်ဝန်းကျင်ကိုပင် မေ့လျော့နေကြ၏။ တိုက်ပွဲကျကျောင်းသားအချို့ကတော့ ခုံစောင်းပေါ်ခေါင်းမှောက်လျက် အိပ်ပျော်နေကြသည်။

စာမေးပွဲခန်းစောင့်နေသည့် ဆရာတစ်ဦးကတော့ တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက်နှင့်
ကျောင်းသားများ စာခိုးမချနိုင်ဖို့ မျက်လုံးကအငြိမ်မနေ လိုက်ကြည့်နေရသည်။ သို့သော်ငြား စိတ်ကတော့
အိမ်ကိုရောက်ရောက်သွား၏။

လက်ကနာရီကိုကြည့်လိုက်၊ နံရံပေါ်ကနာရီကို
လှမ်းကြည့်လိုက်နှင့် နာရီတစ်ခါကြည့်ပြီးတိုင်း မင်းခ သက်ပြင်းတစ်ခါချမိသည်။ ဒီနေ့မှပဲ အချိန်နာရီစက်ဝန်းကြီး ရွေ့လျားနေပုံက တအိအိနှင့်ပိုကြာနေသလို။

အိမ်ကိုပြန်ချင်နေပြီ။ ကျောင်းသားတွေ စာမေးပွဲဖြေပြီးလျှင်လည်း သူတို့ဆရာ၊ဆရာမတွေက အိမ်ကိုတန်းပြန်လို့ မရသေး။ စာအုပ်စီ၊ စာရင်းလုပ်နှင့် ဇယားကရှုပ်ဦးမည်။

ပုံမှန်ဆိုလျှင် စာအုပ်ကြီးအတိုင်း
စည်းကမ်းအရမ်းလိုက်နာလွန်းသည့် မင်းခက အခုတော့ တာဝန်တွေအားလုံးကိုပစ်ချခဲ့ပြီး အိမ်ကိုသာပြန်ချင်နေသည်။ အိမ်ကို ပြန်ချင်လွန်းလှပြီ။ သွန်းအုပ်စိုးပိုင်ဆိုသည့်လူက စိတ်ချရတာမဟုတ်။ အိမ်မှာဘယ်သူမှမရှိချိန် ပျင်းတာကို အကြောင်းပြ၍ အပြင်ထွက်လမ်းသလားခပ်နေမှာကို စိုးရိမ်ရသည်။

အမြဲတမ်းအခန်းစောင့်ပေးနေကျ စာမေးပွဲဖြေချိန် သုံးနာရီကလည်း ဒီနေ့မှ ပိုကြာနေသလိုထင်ရ၏။

လက်ကနာရီကို ခြောက်ဆယ့်ငါးခေါက်မြောက်
ကြည့်မိလိုက်ရင်း ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းတစ်ချက်ကိုချမိသည်။ သူအိမ်ပြန်မလာခင် သွန်းအုပ် ထမင်းစားရဲမည်မထင်။ အိမ်ကိုတတ်နိုင်သမျှ မြန်မြန်ပြန်ရန်သာတွေးပြီး စပိုင်လိုအကြည့်တို့ကိုတော့ ကျောင်းသားထုကြီးဆီ ပြန်လည်ပို့လွှတ်ထားလိုက်၏။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now