အခန်း-၆၁

1.6K 125 5
                                    

[Zawgyi]

အပြင်ထွက်ရန်ပြင်နေသည့် သွန်းအုပ်အား မင်းခ
လှမ်းတားရမလိုလို၊ ဘာမှမပြောပဲနေလိုက်ရတော့မလိုလို...
ချီတုံချတုံနှင့် မေးသင့်/မမေးသင့်ကို ဝေခွဲမရဖြစ်နေသည်။ မေးလိုက်လျှင်လည်း ကိုကိုက မကြိုက်လောက်ဘူးဟု ထင်နေပြန်သည်။

"ဘာပြောစရာရှိလို့လဲ"

တစ်ခုခုပြောရန်ပြင်လိုက်၊ ပြီးတော့လည်း ဘာမှမပြောဘဲ ပြန်ထိုင်နေလိုက်နှင့် မတည်မငြိမ်ဖြစ်နေသည့် မင်းခအား သွန်းအုပ် စိတ်မရှည်တော့သဖြင့် မေးလိုက်သည်။

"ကိုကို"

"ဘာလဲ"

"ဟိုဟာလေ..."

မင်းခက ပြောရခက်နေဆဲ။ သွန်းအုပ်၏ မျက်ခုံးနှစ်ဖက်က စုကျုံ့နေပြီ။

"ပြောလေ"

"ဟို.. ကိုကို့ကို မေးစရာရှိလို့"

"အေးး မေးလေ။ မင်းမေးဖို့ အရှိန်ယူနေတာတင် တော်တော်ကြာပြီ"

"ဟို... ဒေါ်လေးက လိုက်စုံစမ်းထားလို့ မိုးသား ဘယ်ရောက်နေလဲ၊ဘယ်သူလဲဘာညာ သိနေတာ ထားပါတော့။ ကိုကိုက ဘယ်လိုသိနေရတာလဲ။  တမင်မတွေ့ချင်လို့ သိပြီးသားလိုလို ပြောလိုက်တာလား"

သွန်းအုပ်က မင်းခ၏အမေးအား အရေးမကြီးသည့်ကိစ္စလို မျက်နှာလွှဲသွားရင်း...

"အဲ့ဒါ မင်းနဲ့မဆိုင်ဘူး"

"ကိုကိုကတော့လေ..."

မင်းခက ငြီးငြီးငြူငြူပြောရင်း သွန်းအုပ်၏လက်လေးအား
သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ပြီးတော့ ဖျောင်းဖျသည့်ဟန်ဖြင့်...

"ဒေါ်လေးပြောပြလို့ ကိုကိုတို့မိသားစုအကြောင်း
ကျွန်တော် အားလုံးသိနေတာကြာပြီ။ ကိုကိုက အမှန်ကိုမသိခဲ့တော့ ဒေါ်လေးကို ကိုကိုမုန်းမယ်ဆိုရင်လည်း မုန်းချင်စရာပေါ့... ဒါပေမယ့်လည်း တကယ်တမ်းကျတော့ ဒေါ်လေးက တကယ်အပြစ်လုပ်ခဲ့တဲ့သူမှ မဟုတ်တာ။ အပြစ်ရှိတာက ဟိုမိန်းမကြီးလေ။ ကိုကိုမရှိတော့ရင် ဒေါ်လေးကရော၊ ကိုကို့အတွက်အမွေတွေကပါ သူ့အတွက် ဖြစ်လာမယ်ဆိုတဲ့ တလွဲအတွေးနဲ့ ကိုကို့ကို မကောင်းကြံခဲ့တာက သူလေ"

အဝါရောင်အိပ်မက် (completed)Where stories live. Discover now