အခန်း-၂၇

1.5K 144 5
                                    

[Zawgyi]

ညနေ၆နာရီမထိုးခင်ကတည်းက ယခု၈နာရီအချိန်ထိ သွန်းအုပ် မင်းခအား တမျှော်မျှော်လုပ်နေမိသည်။ သူ့မှာ မင်းခပြန်လာလျှင် မေးစရာမေးခွန်းတွေလည်းရှိသလို တောင်းဆိုချင်တာတွေလည်းရှိနေသည်။

လကုန်ရင် ဦးလေးသက် အလုပ်ထွက်တော့မယ်ဆိုတာ သေချာသွားပြီလား။ မင်းခကရော သူ့ဦးလေးပြောတာကို မငြင်းဘူးလား။ ပြောတော့ နှင်ထုတ်ရင်တောင် မသွားချင်ဘူးဆိုပြီးလေ။

ဦးလေးသက်က သူ့တူကိုအရမ်းချစ်တာပဲ။
မင်းခသာ နည်းနည်းလေးဂျီကျပြလိုက်ရင်
ရနိုင်တယ်မဟုတ်ဘူးလား။

မင်းခကရော သူ့ကို စိတ်ဆိုးနေတုန်းပဲလား။
ဒါမှမဟုတ် စိတ်နာသွားပြီလား၊ ရွံမုန်းသွားတာများလား။

သိချင်နေသည့် မေးခွန်းများစွာရှိသော်လည်း
အဖြေပေးနိုင်မည့်သူက ပြန်မလာသေး။

နောက်ကျနေပြန်ပြီ။

ရင်ထဲမှာ ခံစားချက်တို့ပေါင်းစုံနေသည်။
ဝမ်းနည်းမှု၊ တုန်လှုပ်ထိတ်လန့်မှု၊ စိုးရိမ်ပူပန်မှုတို့အပြင် ဒေါသစိတ်ကလေးကပါ ပါလိုက်သေး၏။ နာရီလက်တံကလည်း ည၈နာရီထိုးပြီဖြစ်ကြောင်း ညွှန်ပြနေပြီဖြစ်၍ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

ဒေါ်သီရိကိုမြင်တော့ နဂိုကတည်းကရှိနေသည့် မကျေနပ်နေသည့် ဒေါသစိတ်က ရုတ်တရက် အင်အားကြီးသွား၏။

"မေလွန်း!"

"ပြောလေ သွန်းလေး။"

သွန်းအုပ်၏ပုံစံက စိတ်တိုနေမှန်း သိသာလှသော်လည်း ဒေါ်သီရီ မသိချင်ယောင်ဆောင်ရင်း လေသံအေးဖြင့်ပင် မေးလိုက်သည်။

"ဦးလေးသက်တို့ အလုပ်ထွက်မယ့်ကိစ္စ ကျွန်တော့်ကို ဘာလို့မပြောတာလဲ"

"အရင်ကတည်းက သွန်းလေးသိပြီးသားကိစ္စပဲလေ။
မေလွန်းက ဘာလို့ထပ်ပြောပြနေရမှာလဲ"

"ဒီအိမ်က အခွင့်အာဏာအားလုံး မေလွန်းပဲ
အပိုင်စီးထားတော့မှာလား! ကျွန်တော့်ဆန္ဒကို နည်းနည်းလေးမှ သောက်ဂရုမစိုက်တော့ဘူးလား! ကျွန်တော့်ဆန္ဒကိုမမေးဘဲ ဘာလို့ခွင့်ပြုလိုက်ရတာလဲ!"

အဝါရောင်အိပ်မက် (completed)Where stories live. Discover now