အခန်း-၁၆

2K 187 5
                                    

[Zawgyi]

နောက်ဆုံးဘာသာဖြေပြီး စာမေးပွဲခန်းထဲမှ ထွက်လာချိန်၌ မင်းခ၏စိတ်များ ပေါ့ပါးနေ၏။ ပြီးသွားပြီ။ တစ်နှစ်လုံး နေ့မနား၊ညမအား ဦးနှောက်ကို အလုပ်ပေးကာ ကြိုးစားပမ်းစား ကျက်မှတ်လာရသမျှ ဒီနေ့ကစ၍
စိတ်ရော၊ဦးနှောက်ကိုပါ ခေတ္တခဏ အနားပေးနိုင်ပြီ။

စာမေးပွဲရက်အတွင်း ချစ်ရသူကိုကို့အား အပြည့်အဝ
ဂရုစိုက်မပေးနိုင်ခဲ့သမျှ အခုကစပြီး အတိုးချ၍ ဂရုစိုက်ပေးရမည်။ လေးသက်ကိုလည်း အလုပ်ကူမည်။ အချိန်ပိုင်းguideလုပ်၍ ရသည့်လစာကို စုမည်။
ကိုကို့ အသက်နှစ်ဆယ်ပြည့်မွေးနေ့က နီးလာပြီမို့ လက်ပတ်နာရီလေးတစ်လုံးကို လက်ဆောင်အဖြစ် ဝယ်ပေးရန်လည်း စဉ်းစားမိ၏။

"တစ်ယောက်တည်း ပြုံးစိစိဖြစ်နေပုံထောက်ရင်
တအားတွေဖြေနိုင်ခဲ့တယ်ဟုတ်"

ကိုယ့်အတွေးများနှင့်ကိုယ် ပီတိဖြစ်နေစဉ်
အနားသို့ရောက်လာသော ကဗျာဦး။

ကဗျာဦးက အရင်ရက်တွေကနဲ့မတူဘဲ ဒီနေ့မှ ပြင်ဆင်မှုများက ထူးခြားနေ၏။
ခါးတိုအင်္ကျီရင်ဖုံးလက်ရှည်၊ ပါးကွက်ကြားလေးလူး၍ ဆံပင်ကိုကျစ်ဆံမြီးနှစ်ဖက် ခွဲစီးထားသည့်
ကဗျာဦး၏ပုံစံက ခါတိုင်းနှင့်မတူဘဲ ရိုးရိုးလေးဖြင့် ပိုလှနေသည်။

မမြင်စဖူးမြင်ရသည့်ပုံစံမို့ မင်းခမျက်ခုံးတန်းတွေ နည်းနည်းလေးမြင့်တက်သွား၏။

"နင်က ဘာစိတ်ကူးပေါက်ပြီး အခုလိုပုံစံဖြစ်လာတာလဲ"

"ဟီးးး ငါ လှတယ်မလား"

"အေးပါဟာ။ နင်စိတ်ချမ်းသာဖို့ပဲလိုတယ်"

နှစ်ယောက်သား စကားတပြောပြောဖြင့် ကျောင်းပေါက်ဝသို့
ရောက်လာသည်။ ကဗျာဦးက လမ်းလျှောက်နေရာမှ တုံ့ခနဲရပ်လိုက်၏။

"နေမင်းခ"

"ပြော"

"ငါနင့်ကိုချစ်တယ်"

"•••"

ကဗျာဦးပြောလိုက်တာ ရုတ်တရက်ဆိုမှရုတ်တရက်ကြီး။

"သိက္ခာမရှိသလို ဖြစ်သွားမလား မသိပေမယ့်
အကုန်လုံးသိပြီးသားပဲလေ။ ငါတော့ ထူးပြီးရှက်နေဖို့ မလိုဘူးထင်တာပဲ"

အဝါရောင်အိပ်မက် (completed)Место, где живут истории. Откройте их для себя