part(26)

8.3K 942 8
                                    

နာကျင်မှုနဲ့​ကြင်နာမှု....

ဒီနေ့တော့ လင်းသန့်ကြည်ရော ဘဂျမ်းရောနားရမည်။
ဆေးရုံမှာပဲ နားရမှာပေါ့။ ဒါပေမဲ့....လင်းသန့်ကြည်အတွက်က ဆရာဝန်များနားနေခန်းရှိသည်....ဘဂျမ်းကတော့ အရေးပေါ်လူနာကုတင်မှာနားရမှာ။
ကျောက ဆေးလိမ်းပြီးမှ ပိုနာလာသလိုဖြစ်နေတာကြောင့် လင်းသန့်ကြည်မျက်နှာရှုံ့မဲ့နေတော့သည်။
ဘဂျမ်းကိုလဲစိတ်က မချနိုင်သေး။
တော်နေကြာ....ပြန်တွေး ပြန်ဒေါသထွက်လို့ ပြန်ရန်ဖြစ်နေ ဘယ်လိုလုပ်မတုန်း။

လင်းသန့်ကြည် ဘဂျမ်းကုတင်နားကို ဖြေးဖြေးလျှောက်လာခဲ့သည်။

"ဆရာမ....ဒီလူနာကိုသေချာစောင့်ကြည့်ထား....အပြင်ထွက်မသွားစေနဲ့နော်..."

"ဟုတ်ကဲ့ ဆရာ....နားပါ....ကျွန်မကြည့်ထားပါ့မယ်"

ဘဂျမ်းကို ဆေးထည့်ပေးနေတဲ့သူနာပြုကို လင်းသန့်ကြည်ပြောသည်။
ဘဂျမ်း ကုတင်ပေါ်ကနေ မျက်လုံးနက်တွေနှင့် လင်းသန့်ကြည်ကိုစိုက်ကြည့်နေပေမဲ့ ဘာမှမပြောပါ။
ပြောပြီးတာနဲ့...တရွေ့ရွေ့ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ပြီး....သနားလာတာကြောင့် ဘဂျမ်းဆက်မကြည့်နိုင်တော့...မျက်နှာလွှဲရင်းစိတ်မကောင်းဖြစ်ရပြန်သည်။

လူတစ်ယောက်ဖြတ်ဝင်လာလို့ ရိုက်တဲ့သူက လန့်ပြီးလက်ရှိန်မပြင်းလို့သာပေါ့။ ခေါင်းကိုထိတာမျိုး ....ကျောကိုဆိုရင်လဲ ဒီထက်ပြင်းထန်အောင်ထိမိတာမျိုးဆိုရင် ဘယ်လိုလုပ်ရပါ့။

ဆရာရယ်....ကျွန်တော်က တကယ်ပဲ ဆရာ့ကို ဘာမှအကူအညီမဖြစ်တဲ့လူလားဗျာ။
ကျွန်တော့်ကြောင့် ထိခိုက်...ကျွန်တော့်ကြောင့် ပိုက်ဆံကုန်နဲ့.....
တွေးရင်း တွေးရင်း.....ဘဂျမ်းပိုပြီးဝမ်းနည်းလာတော့သည်။ ကိုယ်က ကောင်းအောင်နေပါသော်လည်း ကိုယ့်အပေါ်ကိုဆို ထိခိုက်စေချင်နေကြတဲ့သူတွေကိုလဲ ဒေါသမပြေပါ။
ဒီကိစ္စကို ရွာက အမေသိရင် ချက်ချင်းလိုက်လာပြီး ဘဂျမ်းကိုပြန်ခေါ်သွားမှာ သေချာသည်။
အဲ....နောက်တစ်ယောက်ရှိသေးသည်.....ဆရာဝန်မလေး....ဒေါက်တာဝတ်ရည်လေ။
သူ့မောင်လေး ဘဂျမ်းကြောင့်ထိခိုက်မိတာများသိရင် စိတ်ဆိုးလိမ့်မည်ထင်သည်။ မတတ်နိုင်...ကျေနပ်အောင် ဘဂျမ်း တောင်းပန်ရုံပဲရှိသည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now