part(28)

8.3K 951 17
                                    

စိတ်မချဘူး......

အားလုံးသဘောကျ ရွေးချယ်လို့ ဒီနေ့ကားလေးအိမ်ရောက်လာပြီ။
ကားကအိမ်ရောက်နေပြီဆိုပေမဲ့ မောင်းပြီးသွားလို့ စိတ်မချသေးလို့တဲ့။
နည်းနည်းမောင်းကျင့်ပေးဖို့စီစဥ်ကြတယ်။
ပါပါးအားရင် ပါးပါးနဲ့မောင်းကျင့် ကြပြီး...
ကိုငြိမ်းမိုးလဲ မောင်းကျင့်ပေးတယ်။
ခက်တာက အားလုံးအားတဲ့ရက်က တိုက်ဆိုင်တာရှားလို့ အမြဲ ကိုငြိမ်းမိုးနဲ့လင်းသန့်ပဲ တွဲမိတယ်။

ကိုငြိမ်းမိုးရဲ့ အကြောင်းကို လင်းသန့်ကြည်သိသင့်သလောက်သိပြီ။ ပိုလဲရင်းနှီးလာသလိုပါ။
ကိုငြိမ်းမိုးကတကယ်ပဲ လူကြီးလူကောင်းတစ်ယောက်ပါ။ နားလည်မှုရှိပြီး..အလိုက်သိတယ်...ယဥ်ကျေးတယ်...နူးညံတယ်..ဒါအပြင် အလုပ်လဲကြိုးစားတယ်။
တစ်ခုပဲ....သူ လင်းသန့်ကြည်ကို တစ်မျိုးတွေးနေပုံကတယ်။ ဒါတော့ လင်းသန့်ကြည်သဘောမကျပါဘူး။
ဒါပေမဲ့....ကိုငြိမ်းမိုးရဲ့အကြည့်တွေကြောင့်သာ သတိထားမိရပေမဲ့ သူက အနေခက်အောင်ဘာမှမလုပ်သလို...သူ့ခံစားချက်အတွက် လင်းသန့်ကြည်ကို ဘာတစ်ခုမှငြိုညင်လောက်တဲ့အနေအထိုင်မရှိဘူး။
လင်းသန့်ကြည်ကလဲ အရင်ကတည်းက ခပ်အေးအေးလူတစ်ယောက်ပဲဖြစ်တော့....တစ်ဘက်သားက ကိုယ့်အပေါ်ကောင်းတာကို လျစ်လျူရှုဖို့အားနာတယ်။
အလိုက်အထိုက်ပဲ ကောင်းအောင်နေပါတယ်။

ဘဂျမ်းလား.....
မပူနဲ့....ရှိတယ်။
ဘယ်ဂိတ်မှ မဝင်တော့တဲ့အတွက် မနက်မိုးလင်းရင် ကိုယ့်အိမ်ရှေ့မှာပဲ ကိုယ်ဆိုင်ကယ်ရပ်ထားပြီးထိုင်နေလိုက်တယ်။ လမ်းထိပ်ကလှမ်းကြည့်ရင်လဲ မြင်ရတယ်။
ခရီးသည်ရရင်ထွက်ပြီ။ ထွက်မိပြီဆိုရင်တော့ လမ်းမှာပဲထပ်ကာ ထပ်ကာငှားတဲ့လူတွေ့တာများပါတယ်။
ဒါ မနက်ပိုင်းအလုပ်...
ညနေဆို ဆရာ့ဆေးခန်းမှာ သွားရပ်ထားတယ်။
ခုဆို ဆေးခန်းလေးက အရမ်းကိုအောင်မြင်နေပြီ။
ဒါကြောင့် ဆင်ဖြူတော်မှီပြီ ကြံစုပ်နေတဲ့ဘဂျမ်းကြီးလဲ လူနာတွေကိုအပြန်လိုက်ပို့ရင်းအဆင်ပြေတယ်။
ဒါကြောင့် စိတ်မပူကြနဲ့လို့...နော်...
လင်းသန့်ကြည်မျက်စိရှေ့ကို ဘဂျမ်းနေ့တိုင်းရောက်တယ်။
ဘဂျမ်း မျက်စိရှေ့မှာလဲ လင်းသန့်ကြည်နေ့တိုင်းရှိနေပါတယ်။
တစ်ခုပဲ...သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ဆိုတော့...လှမ်းကြည်....မြင်လိုက်လောက်ကလွဲပြီး စကားတော့သိပ်မပြောဖြစ်ပါဘူး။
တစ်ခါတစ်ရံ ဝတ်ရည်က ဟိုဟာစားချင် ဒီဟာစားချင်ဖြစ်ရင်တော့ ဘဂျမ်းရှိရင်ဝယ်ပေးတယ်။ ဒါဆိုရင် မှာစရာမလိုဘဲ လင်းသန့်ကြည်အတွက်ထည့်ဝယ်လာပေးတတ်ပြီး ဝတ်ရည်ပိုက်ဆံပေးရင်လဲ ဘယ်တော့မှမယူတာကြောင့် ဝတ်ရည်နဲ့တော့ အတော်အလွမ်းသင့်နေကြတယ်။
ဝတ်ရည်လဲ ဘဂျမ်းကို သဘောကျနေတယ်။
ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတယ်လေ။
.
.
.
.
.
တစ်နေ့မှာတော့.....
လင်းသန်ကြည် ကားကိုတစ်ယောက်ထဲမောင်းပြီး ဆေးရုံသွားတယ်။
မိုးကလဲ ရာသီကုန်ကာနီးမို့လို့ သည်းပြန်တယ်။
လင်းသန့်ကြည် ကားကိုဖြေးဖြေးပဲမောင်းလာတာပါ။
မိုးကလဲ ထွက်လာတုန်းကတောင် အဲ့လောက်မဆိုး...လမ်းရောက်မှပိုသည်းသည်။
တကယ်က လင်းသန့်ကြည်လဲ မောင်းလို့ရနေပါပြီ။
ဝတ်ရည်လောက် မရဲပေမဲ့ အဆင်ပြေတယ်။
မောင်းနေတာလဲ လပိုင်းလောက်ရှိနေပြီဆိုတော့ ကျင့်သားရနေပါပြီ။
ဖြစ်ချင်တော့....ဆေးရုံရောက်ကာနီးမှ.....လင်းသန့်ကြည်ရှေ့က ကားကို တစ်ဖက်လမ်းကြောက မောင်းလာတဲ့ကားက အရှိန်လွန်ပြီး တိုက်ချလိုက်တယ်။
လမ်းကလဲ ချောနေတော့ ပုံမှန်အရှိန်ကိုတောင်သတိထားမောင်းသင့်တာကို အရမ်းကြီးမောင်းလာတဲ့ကားက တိုက်မိတော့တာပဲ။
ငယ်သံပါအောင်အော်ရင်း လင်းသန့်ကြည် ဘရိတ်ကို ဆောင့်နင်းမိသည်။
အရှိန်နဲ့ စတီယာရင်ကိုခေါင်းကပြေးဆောင့်တော့သည်။ နာကျင်မှုကြောင့်ရော လန့်သွားတာ​ရောကြောင့် တစ်ခဏကြောင်သွားသည်။ မူးဝေပြီး အန်ချင်လာသည်။
လည်ချောင်းဝမှာ တစ်ဆို့ဆို့ဖြစ်လာပြီး ရင်တလှပ်လှပ်နဲ့ အသံပါပျောက်သွားတော့သည်။
ချွေးစေးတွေ မြင်မကောင်းတော့အောင်ကျလာသည်။
မူးဝေမှုက ရပ်လို့မရ..... ထိန်းလို့မရ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now