part(29)

8.4K 1K 43
                                    

သူ့အနား...

လင်းသန့်ကြည် ဘဂျမ်းကို ဆိုင်ကယ်ကယ်ရီလဲဆွဲရင်း သူ့အတွက် ကားမောင်းပေးဖို့စီစဥ်လိုက်တော့သည်။

အရင်ဆုံးဝတ်ရည်ကို ပြောပြတော့ ဝတ်ရည်က ဘဂျမ်းကိုခင်မင်သည့်သူဆိုတော့ပြောရတာမခက်။
တစ်ခုပဲ ပိုက်ဆံပေးဖို့တော့အတော်ပြောယူရသည်။
လင်းသန့်ကြည်တစ်ယောက်ထဲပေးလိုက်ရင် မေမေတို့ဆီကိုပိုက်ဆံဘယ်လိုပို့မလဲလို့ နော်။
နောက်မှ ပါပါးတို့ကိုပြောပြတော့လဲ လူကြီးတွေကတော့ လက်ခံပေးတာပေါ့။အထွေအထူးဘယ်ပြောပါမလဲ။
တစ်ရက် ဘဂျမ်းကိုအိမ်ခေါ်သွားပြီး စကားပြောကြတော့လဲ ကြည့်ရုံနဲ့ရိုးသားပြီးအေးဆေးသူဆိုတာသိသွားကြတော့လူကြီးတွေကပင် လင်းသန့်ကြည်ကိုဂရုစိုက်ပေးဖို့မှာနေသေးတာ။

ကိုဘဂျမ်းကြီးတို့ဘယ်လောက်ရိုးသလဲဆိုရင် ....သူလုပ်ဖူးတဲ့အလုပ်တွေအပြင် ထောင်ကျဖူးသည့်အကြောင်းပါပြောလိုက်ပါလေရော။
အစ အဆုံးမေးစရာမလိုအောင်ရှင်းပြနေတော့တာ။
ပါပါးကတော့ ဘဂျမ်း ပြန်သွားသည်အထိ ဘဂျမ်းအကြောင်းပြောမဆုံးဘူး။ ရိုးတယ်တဲ့။စိတ်ချလို့ရတဲ့လူလို့ပဲ သတ်မှတ်လိုက်တော့သည်။
အသက်မေးပြန်တော့လဲ မထင်မှတ်စရာ လင်းသန့်ကြည်တို့ထက် နှစ်နှစ်လောက်ငယ်နေသေးသည်။

ကြို ပို့ လုပ်တာတော့ ဟုတ်ပါပြီ။ ဘယ်လိုများလုပ်သလဲဆိုရင်.....မနက်အစောကြီးဂျူတီရှိရင် ဘဂျမ်းက လိုင်းကားစီးပြီး အိမ်ကိုလာရသည်။ ပြီးမှ ကားနှင့် ဝတ်ရည်နဲ့လင်းသန့်ကြည်ကို ဆေးရုံလိုက်ပို့သည်။
နှစ်ယောက်သားဂျူတီမတူတဲ့နေ့မျိုးဆိုရင်တော့ နှစ်ခေါက်ကြိုပေးရသည်။
ညဆိုလဲ လင်းသန့်ကြည်တို့ကိုပြန်ပို့ပေးပြီးမှ....သူက လိုင်းကားစီးပြီးသူ့အဆောင်ကိုပြန်သည်။
ကယ်ရီကတော့ ဆေးခန်းကလူတွေငှားမှပဲ မောင်းရတော့သည်။
တစ်လ နှစ်လလောက်ကြာတော့ ဆေးရုံကသူနာပြုတွေနဲ့ပါ ဘဂျမ်း ရင်းနှီးလာတော့သည်။
ခင်တတ်တဲ့သူတွေ... နှုတ်သွက်သည့်လူတွေဖြစ်တော့ ရင်းနှီးလွယ်သည်။
ဒါပေမဲ့...ဘဂျမ်းကရုပ်တည်ကြီးနှင့် လိုတာထက်မပိုပါ။
မေး ထူး ခေါ် ပြော ပဲ။ လိုတာရှိရင် ခိုင်း အကုန်လုပ်ပေးသည်။ ကျွေးရင်မစားတော့။
လမ်းတွေ့လို့နှုတ်ဆက်ရင်လဲ သုံးပေလောက်အကွာကပဲစကားပြောသည်။
ဘာကြောင့်ဆို...ဟိုရက်က စကားပြောရင်းသူ့လက်ကိုလှမ်း လှမ်း ပုတ်ပြီးပြောတာကို ကြောက်လို့တဲ့။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now