လိုက်ခဲ့မလား......
ပါတီက မိသားစုတွေပဲ လုပ်ကြတာပါ။
အပြင်လူမရှိဘူး။
ပါပါးရဲ့ မိသားစု မောင်နှမတွေတော့ လာကြတယ်။
လူအယောက်နှစ်ဆယ်လောက်ပဲ စုပြီးစားကြ သောက်ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမြဲမတွေ့ကြရလို့ထင်တယ်....စကားတွေပြောမကုန်ကြ။
ဘဂျမ်းက လိုတာလုပ်ကိုင်ပေးဖို့အသင့်ဆိုပေမဲ့....ခပ်လှမ်းလှမ်းမှာသာ။လင်းသန့်ကြည်ကတော့ ကူပြီးဧည့်ခံပေးရတာပေါ့။
အားလုံး ရင်းနှီးပြီးသားလူတွေဆိုတော့လဲလေ....
မကြာ မကြာ ဘဂျမ်းကိုလဲ ကြည့်ရသေးသည်။
တစ်ယောက်ထဲ ခပ်လှမ်းလှမ်းကနေကြည့်နေတာ...လူများလာရင် ဘဂျမ်းက ရှောင်နေတတ်သည်။
လင်းသန့်ကြည်ကတော့ ဘဂျမ်းကို ဒီထက်ပိုပြီး လိုက်လျောညီထွေနေတတ်စေချင်သေးသည်။
ကိုယ်တွေက စကားပြောရင်းစားနေတာဆိုတော့ ဗိုက်ထဲဝင်သင့်သလောက်ဝင်နေပြီ။
ဘဂျမ်း ညနေစာမစားရသေး။
ပြေးလိုက် လွှားလိုက် လုပ်ပေးနေတာလဲ သူပဲဟာကို....ဗိုက်ဆာနေတော့မည်။
အန်တီထားတို့လဲ စကားပြောနေကြတော့ သတိထားမိပုံမရ။
စိတ်မချသည့် လင်းသန့်ကြည်ကပဲ....မသိမသာထသွားပြီး ဘဂျမ်းနားကပ်ရသည်။"ဘဂျမ်း.....တစ်ခုခုစားတော့လေ....ကိုးနာရီထိုးတော့မယ်"
"ရတယ်....ဆရာ.....ကျွန်တော်ပြီးမှ စားပါ့မယ်....လူကြီးတွေပြီးမှ...."
"အားလုံးစကားပြောရင်းစားနေတာပဲလေ....ဘဂျမ်းပဲကျန်တော့တာ...လာ..လိုက်ခဲ့"
မတတ်နိုင်ဘူး.....ကိုယ်ပဲစီမံပေးရတော့မှာ....ငြင်းတာကိုမကြိုက်ပါဘူးဆိုမှ....
ဘဂျမ်းလဲ သိသည်။
ဆရာက ငြင်းရင်စိတ်ဆိုးမယ်ဆိုတာ...ဒါကြောင့် သူ့နောက်ကနေ တိတ်တိတ်ဆိတ်ဆိတ်ပဲ လိုက်လာခဲ့တော့သည်။"စားတော့"
ဟင်းတွေ ...ထမင်းတွေ အကုန်သူပဲထည့်ပေးသည်။
ထမင်းကနည်းနည်းလေး...ဟင်းတွေချည်းပဲ။"ဟင်းတွေအများကြီးပဲ....ကျွန်တော်မစားတတ်ဘူး"
"မစားတတ်လဲစား...မရဘူး...ဒီနေ့ဟင်းပွဲတွေက မှာတာရော ချက်တာရော အများကြီးပဲကို....စား"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....