ကမ္ဘာကြီးရပ်တန့်သွားသလို....
ခေါင်းညိမ့်ပြမိသည်လား....ခေါင်းခါပြခဲ့သည်လား....မမှတ်မိတော့ပါ။
စိတ်နဲ့လူနဲ့က မိုင်တစ်ရာလောက်ဝေးသွားပြီ။
မဟုတ်ဘူး....တစ်ပေလောက်အကွာက သူ့ဆီပါသွားတာ။
လင်းသန့်ကြည်ရဲ့စိတ်က လူမှာကပ်မိတော့....ခုဏ သူ့မေးဖျားကိုတို့ထိနေတဲ့ လင်းသန့်ကြည်ရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီး ဆွဲခေါ်သွားတဲ့ဘဂျမ်းနောက် လိုက်မိပြီ။"လှေကားကမတ်တယ်နော်....ဖြေးဖြေးတက်"
"ဟင်....အင်းပါ...."
ခြေလှမ်းတွေကမခိုင်မြဲရတဲ့အထဲ....သူက တိုးတိုးလေးပြောတော့...တလှပ်လှပ်တဖိုဖိုဖြစ်ရပြန်တယ်။
"ရှေ့ကနေတက်ပါ.....ပြုတ်ကျရင်လဲ ကျွန်တော်ရှိတာပေါ့"
"ကလေးမှ...မဟုတ်တာ..."
ပြန်ပြောမိရင်း လှည့်ကြည့်တော့ လက်နှစ်ဖက်ဆန့်တန်းရင်းအသင့်အနေအထားနဲ့စောင့်နေတဲ့ ဘဂျမ်း...
ဟမ်း...ခုန်ချလိုက်ရမလား....
မော့်ကြည့်နေတဲ့ အပြုံးရိပ်စွန်းထင်းနေတဲ့မျက်နှာပေါ်မှာ ထိန်းမရတဲ့....သူ့ပူပန်မှုတွေကိုမြင်နေရတယ်...
ပြီးတော့....ပြီးတော့....ရှေ့တစ်ထစ်ကိုဆက်လှမ်းသည်။
ဘဂျမ်းလဲ နောက်က ကပ်ပါလာသည်။
နောက်တစ်ထစ်ဆက်လှမ်းသည်။
လင်းသန့်ကြည်ရဲ့......ခါးပေါ်ရောက်လာတဲ့ဘဂျမ်းရဲ့လက်အစုံ....
တွန့်ကနဲ ဖြစ်သွားတဲ့လင်းသန့်ကြည်ကြောင့် ချက်ချင်း လက်ကိုပြန်ရုတ်သည်။"ယားတတ်တာလား"
"ဟင့်...အင်း...လန့်သွားလို့"
"မကိုင်တော့ဘူး...နော်....သတိထားပြီးတက်...."
"ဟင့်အင်း.....ဘဂျမ်း ကိုင်ထားပေး"
လှေကားဆယ့်တစ်ထစ်ကို ပင်ပန်းခဲယဥ်းစွာတက်ပြီးမှ အပေါ်ရောက်တော့သည်။
အိပ်ယာလေးတစ်ခုရယ်....ဘေးမှာ....စားပွဲလေးသေးသေးပုပုတစ်ခုရယ်....အဝတ်အစားထည့်ထားပုံရသည့် ကော်ပုံးကြီးကြီးတစ်ပုံးရယ်....
မှိန်ပျပျမီးရောင်လေးအောက်မှာ....သူနေထိုင်ရာနေရာလေးက ဒီလိုပါလား။
အခန်းထဲကို ဝေ့ဝဲကြည့်ရင်း....မတ်တပ်လေးရပ်နေတဲ့ လင်းသန့်ကြည်ကို....နောက်ကနေရပ်ကြည့်နေတဲ့ ဘဂျမ်း...
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....