ညမထွက်ရ....
တင်းနေအောင်ဖက်ထားတဲ့ မောင့်ရင်ခွင်ထဲ မလူးသာ မလွန့်သာ။
မောင်ကိုယ်နံ့လေးကို ခိုးရှိုက်ရင်း မောင့်ခါးကို ပြန်ဖက်ထားရတယ်။ မောင်က ဆံပင်တွေကို ဖိကပ်ပြီးနမ်းနေတယ်။
အကြိမ်ကြိမ်အခါခါ နမ်းတယ်။လင်းသန့်ကြည် အသက်ရှုမဝတော့ဘူး။
မဝလဲ နေ....
မောင် လွှတ်ပေးမှပဲ... ပေါင်းရှုပေါ့....ဒါပဲရှိတာကို။
မောင့်ရင်ဘတ်ကို ခေါင်းနဲ့ ဝှေ့နေမိတယ်။
အငြိမ် မနေတဲ့ခေါင်းလေးကို ဖမ်းကိုင်ရင်း.....ဆွဲမော့သည်။အလွန် နီးကပ်တဲ့ အနေအထား....
လူချင်းကပ်တာကိုပြောတာမဟုတ်ဘူး...
လူချင်းက ကြားလေဝင်လို့မရအောင်ကပ်နေတာ...ကြာပြီ။
ခုက နီးကပ်လွန်းနေတဲ့ မျက်နှာ နှစ်ခု....
မောင့်ရင်ခွင်ထဲကနေ မောင့်မျက်နှာဆီ မော့်ကြည့်မိတယ်...မဟုတ်ဘူး....မောင်က ဆွဲမော့်ထားတာ။
မောင်က ငယ်ထွေးမျက်နှာကို ငုံ့ကြည့်နေတာကြာင့် အရမ်းကို ကပ်နေတာ....
မောင့် အသက်ရှုသံတွေ မြန်လာတာကြားနေရတယ်။
နှာဖျားထိပ်လေးတွေ ထိမိနေပြီ။အံကို တင်းတင်းကြိတ်ထားတဲ့ မောင်....
မောင့် ခါးပေါ်က လက်တွေကိုဖြည်ပြီး မောင့်မေးရိုးတွေဆီကို ငယ်ထွေးလက်တွေ တစမ်းစမ်းနဲ့ထိတွေ့ရင်း ရောက်လာတယ်။
မောင့်ပါးတွေ....အိစက်မနေဘူး....ဒါပေမဲ့....ပွတ်သပ်နေမိတယ်....နေရာလပ်မကျန်အောင်။
နှာရိုးတစ်လျှောက် လက်ကလေးက....ရောက်လာတယ်။
မျက်လုံးတွေ.....နက်နေအောင် ငယ့်ကိုစိုက်ကြည့်နေတဲ့ မောင့်မျက်လုံးနက်နက်တွေ....ဟင်....မောင့်မျက်လုံးတွေကို ငယ်ထွေး ကစားချင်လို့လား....ဟုတ်လား....စိတ်ချမ်းသာသလိုလုပ်ပါ ငယ်ထွေးလေးရာ....
မကစားဘူး....လက်လေးတွေက တို့ထိပြီး ပြန်ခွာသွားတယ်။
မောင့် နှုတ်ခမ်းတွေကို လက်ဖျားလေးနဲ့ မထိတထိ ပွတ်ဆွဲတယ်။
ငယ်ထွေးရယ်.....ငယ်ထွေးလေးရယ်....ပွေ့ပြီး လှဲချလိုက်မိတယ်....တင်းထားနိုင်တဲ့ အားတွေမရှိတော့လို့....
အိကနဲ ထပ်ရက်သားမွေ့ယာပေါ်ပြုတ်ကျသွားတယ်။"ငယ်....ထွေး.....လေး"
"မောင်....ငယ့်ရဲ့မောင်"

YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....