part(40)

9.9K 886 35
                                    

Unicode

သီချင်းလေး....ဆိုသိပ်မယ်

နေ...မင်း....ကွယ် ညှိုးရင်....အိုး..ညအမှောင်ရိပ်ဝယ်....အို..ငယ်ရယ် အနမ်း ဝေဖြာမယ်....(ရွှတ်)
ကြယ်ကလေးတွေကိုရှက်ရင်...ထွေးပွေ့လို့ထားမယ်....ကြောက်စိတ်တွေ ဖယ်ထားကွယ်...(ရွှတ်)
ရင်ခွင်မှာ နွဲ့ကာ အားကိုးတဲ့ငယ်ရယ် နွေးနွေးထွေးထွေး ရင်ခုန်တယ်...မှေးစက်နော် အသည်းဝယ်....မောပန်းလို့နွမ်းရင်....မောင်ချော့ကာ သိပ်ပါ့မယ်.....အေး အေး အေး အေး အို....ငယ်ထွေးရယ် အိပ်တော့ကွယ်....(ရွှတ်)

သီချင်းဆိုရင်း တရွှတ်ရွှတ်နဲ့ နမ်းတယ်။
ကျောပြင်လေးကို ပွတ်ပေးရင်း ရင်ခွင်ထဲထည့်ဖက်ကာ သီချင်းဆိုသိပ်ရတယ်။
သီချင်းတစ်ခေါက်ဆုံးလို့ အိပ်မပျော်သေးရင် ခြေထောက်လေး တလှုပ်လှုပ်နဲ့ အချက်ပြတယ်။
ဆက်ဆိုပေါ့လေ....ဒီကလဲ တစ်ပုဒ်လုံးအကုန်ရတာမဟုတ်ဘူး...ရသလောက်လေးကိုပဲ အခါခါပြန်ဆိုပြရင်း ​ ​ခေျာ့သိပ်ရတယ်။
ငယ်ထွေး လေးအိပ်ပျော်သွားမှ....ဖြေးဖြေးလေး မွေ့ယာပေါ် ချသိပ်ရတယ်.....ဇာခြင်ထောင်ပါးပါးလေးနဲ့ စောင်ကလဲ သိပ်မထူဘူးရယ်။ ငယ် မိုးလင်းကာနီးရင် ချမ်းလာလိမ့်မယ်။ နှင်းစက်တွေမမြင်ရပေမဲ့ ရန်ကုန်ဆောင်းမနက်ကချမ်းတာပဲလေ။

စောင်လေးကို ခြုံပေးရင်း မွေ့ယာပေါ်မှာပဲ ငယ့်ဘေးမှာ ကပ်ပြီးထိုင်စောင့်နေမိတယ်။ အချိန်တွေက မနည်းတော့ဘူး။ ငယ်လေး အိပ်ရတာ နောက်ကျသွားတယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ငယ်ထွေးကို တစိမ့်စိမ့်ထိုင်ကြည့်နေမိတယ်။ အိပ်လို့မဖြစ်သေးဘူး....ငယ်ထွေးချမ်းလာရင် မောင် ဖက်ထားပေးရမယ်။ ပြီးတော့ မနက်စောစော မောင်က အလုပ်လုပ်ရအုံးမှာ။ ငယ်အိပ်နေတာလေး ထိုင်ကြည့်ရတာ မောင့် ညတွေပြည့်စုံလိုက်တာ။

မောင့်အတွက်နဲ့ ပင်ပန်းနေရတာကို စိတ်မကောင်းဘူး ငယ်ထွေးရယ်....
နဖူးပေါ်က ဆံစလေးတွေကို လက်နဲ့အသာသပ်ပေးရင်း နဖူးလေးကို နမ်းမိတယ်။ မောင်က မောင့်အတွက်ပဲကြည့်မိတဲ့သူဖြစ်နေပြီလား။ ငယ်ထွေးအတွက် မောင် ဘာများပေးဆပ်ရပါ့မလဲ ငယ်ထွေးရယ်။

အိပ်နေတာ အပြစ်ကင်းလိုက်တာ...
ကလေးလိုပဲ...ပါးလေးတွေ ရဲလို့...ငိုထားတာကိုး...
စူထော်ထော် နှုတ်ခမ်းလေးက ရဲပြီးစိုလဲ့နေတယ်...ကိုယ့်ပယောဂကြောင့်...
နှာဖျားလုံးလုံးလေးလေး ရဲနေတာပဲ....တရှုံ့ရှုံ့နဲ့အကြာကြီးလုပ်ထားရတာ...
ငယ်ထွေးရယ်.....မောင့်အသက်အထွေးလေး.....ဘာလို့များအကြင်နာပေးလို့မဝရတာပါလိမ့်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now