အဖျားဖြတ်ဆေး
မကြာဘူး...ချွေးတွေကထွက်လာတာပဲ။
"မောင်...ထ...ချွေးသုတ်ပေးမယ်...ချွေးတွေထွက်နေပြီ....မောင်ရေ...ထပါအုံး"
ချွေးသုတ်...အဝတ်တွေလဲပေးပြီးမှ ပြန်အိပ်ခိုင်းရတယ်။
ခုဏ တရေးအိပ်ပြီးတာကြောင့် ချက်ချင်းမအိပ်နိုင်သေးဘူး....စာဖတ်နေတဲ့ ငယ့်မျက်နှာကိုတငေးငေးနဲ့။"ငယ်...မအိပ်သေးဘူးလား"
"အိပ်မယ်လေ...မောင် သက်သာလား"
"သက်သာတယ်..."
"ခေါင်းကိုက်သေးလား....ဗိုက်ရောဆာလား...မုန့်စားမလား"
မွေ့ယာပေါ်တက်လာရင်း မေးနေတာ...
"မောင့်ဆီလာပါအုံး"
ပက်လက်လေးကနေလှမ်းခေါ်တယ်....မောင့် လက်ပေါ်ခေါင်းလေးအုံးပြီး လှဲချလိုက်တော့ ငယ့်ခေါင်းကိုဖွဖွနမ်းတယ်။
အခက်အခဲဆိုတာကလဲ... အသေးအဖွဲကနေစပြီး...ဘယ်လောက်ထိကြီးကြီးမားမားဖြေရှင်းကမယ်မသိရသေးဘူး။ ဒီလိုပဲ မောင်နဲ့နေချင်မိတယ်... အတူအိပ်ယာဝင်ပြီး အတူအိပ်ယာ နိုးချင်တယ်။ အတူစား အတူသွားပြီး အရာရာအတူရင်ဆိုင်ချင်တယ်။သူ့ကြောင့်ငယ်ထွေး အခက်အခဲဖြစ်လေမလား ဒုက္ခရောက်လေမလားဆိုတဲ့ မောင့်အတွေးတွေကို ဘယ်လိုများဖယ်ထုတ်ရှင်းလင်းရပါ့မလဲ... လို့ တွေးနေမိတယ်။ဒီလိုနဲ့ပဲ ငယ်ကရှေ့ကိုခြေတလှမ်းတိုးရင် မောင်ကနောက်ကိုတစ်လှမ်းဆုတ်မိနေရောပေါ့။
"မောင် တစ်ခုခုစားအုံးမလား"
"ဘာစားရမလဲ"
"နေအုံး....ဟိုမှာ မုန့်ခြင်းတောင်း...ငယ်ယူပေးမယ်"
တရေးနိုးလာရင် ရင်တလှပ်လှပ်နဲ့ဆာလာတတ်တာကြောင့် မုန့်တွေသယ်လာပေးတာ...ကွေကာအုတ်လဲဖျော်ပြီး ထည့်လာခဲ့တယ်။
"မောင်...ကွေကာအုတ်လေးပါသောက်လိုက်....မနက်ကျ သက်သာသွားမှာပါ"
နဖူးကိုစမ်းရင်း....လည်ပင်းကိုစမ်းရင်း...မုန့်တွေခွံ့ရင်းတတွတ်တွတ်ပြောတယ်။ ကြင်နာရသူလေးရဲ့ မူလပုံရိပ်လေးတွေပြန်တွေ့ရပြီ။ နူးညံ့ညင်သာပြီး နွေးနွေးထွေးထွေးဂရုစိုက်တတ်တဲ့ ကြင်နာသူလေး။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....